Unicode - သူတို့ခံရမယ့်အလှည့်ပဲ
Shen Wei ပြုံး၍ ဧည့်ကြိုကောင်တာသို့သွားကာ Cheng Xi ထံမှ မှတ်ပုံတင်ငှားပြီး သူမတို့ကို ကူညီပေးရန် ရှေ့နေ Du ကိုဖိအားပေးလေသည်။ နောက်ဆုံးတွင် Wangjiang ထွက်ပေါက်နှင့် ဆက်ထားသည့် အခန်းအားလုံးကို လူအုပ်ကြီးအတွက်ဟူ၍ အကြောင်းပြချက်ပေးကာ ငှားနိုင်သွားပြီဖြစ်သည်။
ဤသို့လုပ်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်နေခြင်းမရှိ၊ Shen Wei သည် ထိုဝင်ပေါက်အနီးရှိ အခန်းများကိုငှားရန် လုပ်ခဲ့ရုံသာဖြစ်သည်။
Fu Mingyi ကိုယ်တိုင်က ကံဆိုးလွန်းနေသည်လား၊ သို့မဟုတ် Shen Wei ကပင် ကံကောင်းလွန်းနေခြင်းလားမသိ၊ နှစ်သစ်ကူးပြီး၍ ရက်အနည်းငယ်ကြာပင် ရှိသေးသည့်အတွက် ဟိုတယ်လုပ်ငန်းများသည် ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ဤနေရာကို အပန်းဖြေဇိမ်ခံရန်အတွက် အထူးရည်ရွယ် ဒီဇိုင်းလုပ်ထားသဖြင့် အခန်းခသည်လည်း ဈေးကြီးနေသည်၊ ထို့ကြောင့် ဤနေရာသည် အခြားသောနေရာများထက်ပင် လူနည်းသည်ဟု အဓိပ္ပာယ်ရသည်။
အကျဉ်းချုပ်ဆိုရလျှင် အခန်းခုနစ်ခန်း ကျန်နေသည်။
ထိုအခန်းအားလုံးကို Shen Wei ငှားပြီးသည့်အခါ ဧည့်ကြိုကောင်တာတွင် အခန်းသော့တစ်ခု ချန်ထားလိုက်သည်။ "ခဏနေကျရင် ကျွန်မကို လာရှာတဲ့သူတွေ ရောက်လာလိမ့်မယ်။ သူတို့ကို ကျွန်မနောက် ချက်ချင်းလိုက်လာဖို့ ပြောပြပေးပါ။" ထို့နောက်တွင် အခြားသော အခန်းသော့များကိုယူကာ ဟိုတယ်ဝန်ထမ်းနှင့်အတူ အထဲသို့ဝင်သွားတော့သည်။
ထိုတစ်ချိန်လုံးတွင် Cheng Xi သည် ဘေး၌ရပ်ရင်း အခြားသူများထံ Shen Wei ဖုန်းဆက်နေသည်ကို နှုတ်ဆိတ်၍သာ ကြည့်နေလေသည်။ "Donglai ဟိုတယ်ကို ခဏဝင်လာပါဦး၊ ပြီးရင် ဧည့်ကြိုကောင်တာမှာ ကျွန်မနာမည်နဲ့ အခန်းသော့ ထားခဲ့တာရှိတယ်။"
ထိုစကားကြားသည့်အခါ ရှေ့နေ Du သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ မည်သည့်ပြဿနာမှ မလုပ်ဘဲ တိတ်တိတ်ကလေးသာ ကြည့်ပါမည်ဟူ၍ ကတိပေးခဲ့ခြင်းတို့က မည်သို့ဖြစ်သွားပြီနည်း။ Shen Wei ၏ပြုမူပုံတို့က လူအုပ်ကြီးတစ်စုလုံးကို လာရန်ပြောနေသည်နှင့် တူနေသည်။ 'ဟာ...ဒီလိုဖြစ်မယ်မှန်း ငါ လုံးဝမသိဘူးနော်။ ငါရဲ့အနာဂတ်က ဆရာကတော်ကို ဟိုတယ်အခန်းငှားတာ ကူပေးဖို့ပဲ ဒီကိုလာခဲ့တာ......'
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...