Unicode - နင်က သူ့ကိုပဲ ဂရုစိုက်တာ
Lin Fan ဒေါသထွက်နေဆဲပင်ဖြစ်သည်။ ယခုအချိန်၌ သူ စိတ်လျှော့သင့်ပြီဖြစ်ကာ သဘောထားပြည့်ဝစွာဖြင့် သူမ၏လုပ်ရပ်များကို နားလည်ပေးလိုက်သင့်သည်။
သို့သော် ထိုကိစ္စကို သူ လက်မခံနိုင်ပေ။
စိတ်ထဲ၌ ဒေါသတရားနှင့် နာကျင်ဝမ်းနည်းမှုတို့က တတိတိလှိုက်စားနေဆဲ ဖြစ်သော်လည်း သူ၏လေသံကမူ အားပျော့သွားသည်။
"နင် သူ့ကို ဒီလောက်တောင် ဂရုစိုက်တာပဲလား။ ငါကရော? စုတ်ပြတ်ယိုင်နဲ့နေတဲ့ပုံစံနဲ့ ဒီနေရာကို ရောက်လာပြီးတဲ့အချိန်မှာတောင် နင်က ဘာကြောင့်လဲ ဆိုပြီး တစ်ခွန်းမှမမေးတာလဲ။ ငါ အရက်မူးနေတယ်လို့ ဖြေခဲ့တာကိုရော နင် လုံးဝယုံလိုက်တာပဲလား။ ငါဘာကြောင့် မူးအောင်သောက်ရတာလဲ၊ ငါမူးနေတဲ့အချိန်မှာ ဘာလုပ်ခဲ့လဲ- အဲ့ဒါတွေကိုရော နင်တစ်ခုမှ စိတ်မဝင်စားတော့ဘူးလား။ နင်က သူ့ကိုပဲ ဂရုစိုက်တာပေါ့။"
Cheng Xi အသက်ဝအောင် လေတစ်ဝကြီး ရှုသွင်းလိုက်သည်။ လက်တွေ့ကျကျပြောရလျှင် သူစွပ်စွဲလိုက်သည့်စကားများမှာ မမှန်ပေ၊ အမှန်၌မူ ထိုမေးခွန်းများအားလုံးကို သူအိမ်ထဲသို့ စစဝင်လာသည့်အချိန်၌ သူမ မေးခဲ့ပြီးပြီဖြစ်သည်။ သူမ စိတ်မဝင်စားဟုဆိုခြင်းထက် သူ့ဘက်မှ မဖြေလိုခြင်းဖြစ်ကြောင်းကို သူမ ပြောနိုင်သည်။
သို့သော် ယခုအချိန်က ထိုကိစ္စကို တွေးပူနေရမည့်အချိန်မဟုတ်သဖြင့် သူမ သူ့ကို တည့်တည့်စိုက်ကြည့်ကာ "Lin Fan ၊ နင်ဘာလို့ အရက်မူးအောင် သောက်တာလဲဆိုတာ ငါသိပြီးပြီ၊ ပြီးတော့ နင်ဘာလို့ စိတ်မပျော်နိုင် ဖြစ်နေရတယ် ဆိုတာလည်း ငါသိတယ်။ ဒါပေမဲ့ ငါ့ဘက်က ပြောနိုင်တဲ့တစ်ခုတည်းသော အရာက - ငါနဲ့ Lu Chenzhou ကြားမှာ ချစ်သူရည်းစားပတ်သက်မှုမျိုး ရှိမနေဘူးဆိုတာပဲ။
မနေ့က ငါပြောခဲ့သလို သူနေမကောင်းဖြစ်နေတယ်၊ ပြီးတော့ ငါသူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုဖို့လိုအပ်တဲ့ အကြောင်းအရင်းကလည်း ရှိပြီးသားပဲ။ နင်ငါ့ကို ယုံကြည်တယ်ဆိုရင် ငါဝမ်းသာမိမှာပါ၊ ဒါပေမဲ့ အဲ့ဒီလိုမလုပ်ပေးနိုင်ဘူးဆိုရင်လည်း ဘာကြောင့်ဆိုတာကို ငါနားလည်တယ်။"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...