Unicode - ငါက သူ့နဲ့စေ့စပ်ထားတဲ့သူ
တတယ်တမ်း၌မူ ထိုသို့ ချစ်ကြင်နာပြနေသည့် မြင်ကွင်းကိုတွေ့လိုက်သူမှာ Lin Fan တစ်ယောက်တည်းမဟုတ်၊ အသစ်ရောက်လာသည့် ကောင်ချောလေးများကိုတွေ့ရန် အပြေးအလွှားလာကြည့်ကြသည့် Tian Rou နှင့် အခြားသူများလည်း ပါသည်။ ဤသို့ ရုတ်တရက်ပွေ့ဖက်လိုက်သည်ကို တွေ့မြင်ရသူတိုင်းက ထိုနှစ်ယောက်ကြောင့် ပါးစပ်အဟောင်းသားလေး ဖြစ်သွားကြသည်။
Tian Rou က ပထမဆုံး သတိပြန်ဝင်လာသူဖြစ်ပြီး ချက်ချင်းဆိုသလို ခါးထောက်ကာ ထခုန်၍ အခိုင်အမာပြောလာသည်မှာ "နင်က ဘယ်ကအကောင်လဲ၊ ငါ့မဟေသီလေးကိုဖက်ပြီး ဘာလုပ်တာလဲ။"
Lu Chenzhou သူ့ကို မျက်လုံးပင့်ကြည့်ပြီး Cheng Xi ကိုလွှတ်ပေးလိုက်ကာ တစ်ဖက်တွင်ရပ်လိုက်သည်။ ထို့နောက်တွင် သူ၏အကြည့်တို့က Tian Rou ၏ဆံနွယ်ရှည်များမှတစ်ဆင့် ခြေထောက်နှစ်ဖက်ကြားရှိ နေရာသို့ရွေ့သွားပြီး တုံးတုံးတိတိမေးလာသည်က "မင်းက အထီးလား။"
သူ၏ ခပ်ရိုင်းရိုင်း မှတ်ချက်ကြောင့် Tian Rou တစ်ယောက် သူမခြေထောက်ကို အလိုလိုပူးကပ်ထားမိလိုက်သည်။
ထို့နောက်တွင် Cheng Xi စောစောကမေးခဲ့သည့် မေးခွန်းကိုပင် Lu Chenzhou ပြန်မေးလာလေသည်။ "မင်းမှာ d**k ရှိလို့လား။"
ချက်ချင်းဆိုသလို Tian Rou တွေးမိသွားသည်က— Cheng Xi ဘယ်က အတတ်ကောင်းတွေ တတ်သွားရတာလဲဆိုတာ အခုတော့ငါသိသွားပြီ!
Cheng Xi ၏မျက်နှာလေးက 囧 ဖြစ်သွားချိန်၌ Lu Chenzhou ၏အမူအရာတို့ကမူ ခါတိုင်းကဲ့သို့ပင် ဂရုမစိုက်ဟန်သာ ရှိနေလေသည်။ ထို့နောက် Cheng Xi ဆီသို့လှည့်၍ စိတ်ထဲကအတိုင်း ပြောလိုက်သည်မှာ "ဒါလေးက လှတယ်။"
သူမ၏ အတောင်တို့ကို ထိကိုင်လိုက်ခြင်းဖြစ်သည်။
ထိုအခါ အခြားလူများအားလုံး ဆွံ့အသွားရသည်။ သူက Cheng Xi ကို ချီးကျူးနေခြင်းလား၊ သူမ၏အတောင်တို့ကို အမွှမ်းတင်နေခြင်းလား။
Baldy ဆိုလျှင် သူ့မျက်နှာကို လက်ဖြင့်အုပ်၍ သက်ပြင်းချရသည်။ သူ၏ဘောစ့်ဖြစ်သူက ထိုသို့ဖြစ်နေပါလျှင် ဘဝတစ်လျှောက်လုံး၌ ငှက်ပျောတုံးဖက်၍သာ အရိုးထုတ်ရတော့မည်ဖြစ်သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...