Unicode - ဒေါက်တာ Cheng
"စိတ်ရောဂါ ခံစားနေရတဲ့လူနာတွေဘက်က ရင်တွင်းဖွင့်ဟ ပြောဆိုလာတာတွေကို စိတိဝင်တစား နားထောင်ပေးဖို့လိုအပ်တယ်။
အဲ့ဒီလူနာတွေအတွက် ပထမဦးစားပေး ကုသရေးနည်းလမ်းက ပျော်ရွှင်မှုအတုအယောင်တွေနဲ့ ဖြစ်မလာနိုင်တဲ့မျှော်လင့်ချက်တွေ ဖန်တီးပေးဖို့မဟုတ်ဘူး။
အဲ့ဒီအစား သူ့တို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကိုယ်တိုင်စိတ်ရှည်ရှည်နဲ့ ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ဖို့အတွက် သူတို့ရဲ့စိတ်အခြေအနေတွေ ရင့်ကျက်သန်မာလာနိုင်အောင် ကူညီလေ့ကျင့်တည်ဆောက်ပေးဖို့ဖြစ်တယ်။"
"တီချယ် ၊ ဒါဆိုရင် စိတ်ရောဂါဆိုတာ လုံးဝအရှင်းကြီးပျောက်သွားအောင် ကုသလို့မရဘူးလို့ ဆိုလိုတာလား။"
"နိုး။ အမှန်တော့ အဖြေက အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ပဲ။ အဲ့ဒီလူနာတွေကိုသာ စိတ်ရှည်ရှည်ထားပြီးကုသပေးနိုင်မယ်ဆိုရင် စိတ်ရောဂါကို ကုသလို့ရတယ်။"
"တကယ်လို့များ ကိုယ်က မေတ္တာနဲ့ကုသပေးလိုက်တဲ့အပေါ်မှာ လူနာဘက်က နားလည်မှုလွဲပြီး ချစ်ကျွမ်းဝင်လာခဲ့ရင် ဘယ်လိုလုပ်မလဲ၊ တီချယ်။"
Cheng Xi တစ်ယောက် ထိုမေးခွန်းကို မေးလာသည့် ကျောင်းသားရှိရာသို့ လှမ်းကြည့်ရင်းပြုံးပြလိုက်သည့်အခါ Cheng Xi အကြည့်ကြောင့် ထိုခပ်ငယ်ငယ်ချောချော ကျောင်းသူလေးမှာ သူမ သူငယ်ချင်းနောက်သို့ ချက်ချင်းပုန်းလိုက်တော့သည်။
Cheng Xi သည် စိတ်ရောဂါကုဆရာဝန်ဖြစ်ကာ တစ်ချိန်တည်းမှာပင် ဆေးတက္ကသိုလ်တစ်ခု၏ နည်းပြတစ်ယောက်လည်း ဖြစ်သည်။
သူမ၏ အသက်အရွယ်၊ ရုပ်ရည်သွင်ပြင်နှင့် ဟာသဉာဏ်ရွှင်သည့် အလေ့အကျင့်ကြောင့် ကျောင်းသား၊ ကျောင်းသူများအကြားတွင် နာမည်ကျော် ဂုဏ်သတင်းမွှေးသူဖြစ်သည်။
ထို့ပြင် ကြာသပတေးနေ့ သူမ အတန်းချိန်ရောက်တိုင်း စာသင်ခန်းတစ်ခုလုံး လူအပြည့်ဖြစ်နေတတ်သည်သာမက စာသင်ချိန်ပြီးခါးနီးတိုင်းလည်း ကျောင်းသားများက ထူးထူးဆန်းဆန်းမေးခွန်းများကို အမြဲမေးလေ့ရှိသည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...