အခန်း (၁၅)

1.2K 177 0
                                    

Unicode - ထင်ကြေးပေးထားကြသည့် တွဲဖက်ပါတနာ

နောက်ဆုံး၌ Lu Chenzhou အား အထဲသို့ မောင်းပို့လိုက်ရတော့သည်။ အကြောင်းမှာ Cheng Xi အား ခြိမ်းခြောက်အကျပ်ကိုင်ပြောဆိုလာသည့် သူ၏စကား​‌ကြောင့်ပင်ဖြစ်သည်။

"ဒီကနေလမ်းလျှောက်ရမယ်ဆိုရင် အဝေးကြီးလိုသေးတယ်။ အဲ့ဒီတော့ မင်းကားပေါ်ကဆင်းပြီး ငါကိုယ်တိုင်မောင်းသွားရမလား၊ ဒါမှမဟုတ် မင်းကိုယ်တိုင်မောင်းပို့မလား။"

Cheng Xi အတွက် အသင့်အတော်ဆုံးရွေးချယ်စရာမှာ သူ့အား အထဲသို့မောင်းပို့လိုက်ရန်သာ ဖြစ်တော့သည်။

အမှန်တကယ်လည်း Lu Chenzhou ပြောသည့်အတိုင်းပင်ဖြစ်နေကာ သူမ အား လိမ်ပြောခဲ့ခြင်းမဟုတ်ပေ။ ဂိတ်ပေါက်ဝမှ အိမ်ရှေ့တံခါးမကြီးဆီသို့ရောက်ရန် အချိန်အတော်ကြာအောင် မောင်းယူရသည့်အပြင် အကွေ့အကောက်ကလည်း များလွန်းလှသည့်အတွက် Lu Chenzhou မှ

"ဟုတ်တယ်၊ ဒီနေရာပဲ။"

ဟူ၍ ပြောလာချိန်၌ Cheng Xi တစ်ယောက် ခေါင်းတစ်ခုလုံးမူးနောက်နေကာ မေ့လဲသွားမလိုပင် ဖြစ်နေတော့သည်။

သူမ တို့ရောက်သည်နှင့် တစ်ပြိုင်နက် အိမ်တံခါးမကြီးပွင့်လာကာ အထဲမှ အသက် သုံးဆယ်အရွယ်ခန့် လူငယ်တစ်ယောက်ထွက်လာသည်။ သိုးမွှေးအင်္ကျီ အပွတစ်ထည်ဝတ်ဆင်ထားသဖြင့် လူကကြည့်ကောင်းနေကာ အထက်တန်းလွှာတစ်ယောက်၏ အငွေ့အသက်မျိုးဖန်တီးပေးထားသည်။

ထိုလူက ရှေ့သို့ခပ်သွက်သွက်ကလေး လျှောက်လာကာ Chen Xi ကားရပ်လိုက်သည်နှင့် တစ်ချိန်တည်းနီးပါးမှာပင် ကားတံခါးနားသို့ရောက်လာတော့သည်။

ယခင်က Cheng Xi သူနှင့် တစ်ကြိမ် ဆုံထားဖူးပြီးဖြစ်ကာ Lu Chenzhou နှင့် ကလပ်လိုက်သွားသည့်ညက သူမ အား အရက်ပြင်းတစ်ခွက်ကို လာချပေးသူပင်ဖြစ်သည်။ ထိုလူသည် Lu Chenzhou ၏ သူငယ်ချင်းဖြစ်ပြီး နာမည်က Xu Po ဖြစ်မည်ထင်သည်။

ကားမှန်တံခါးကို Lu Chenzhou အောက်ချလိုက်သဖြင့် ကားထဲသို့ Xu Po ခေါင်းငဲ့ကာ လှမ်းကြည့်သည်။ Cheng Xi ကို မှတ်မိသွားသဖြင့် သူ့ဘက်မှ အလျင်နှုတ်ဆက်လာသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now