အခန်း (၁၂၂ - ခ)

326 36 2
                                    

Unicode

အသန့်အပြန့်ကြိုက်တတ်လွန်းသည့် သူ၏ဂွတီးဂွကျအမူအကျင့်ကို လိုက်လျောပေးရသည်မှာ သူမအဖို့အပန်းမကြီးသဖြင့် လိုလိုလားလားပင် လုပ်ပေးလိုက်သည်။

ထိုအခါ သူမလက်ကို Lu Chenzhou ကြည့်လာသည်။ မီးရောင်အောက်၌ သူမ၏လက်များက ပြစ်မျိုးမှဲ့မထင် ဖြူဖွေးသန့်စင်နေကာ မကြာမီအချိန်ကမှ အချောကိုင်ထားသည့် ကျောက်စိမ်းတုံးလေးကဲ့သို့ပင် လှပကြည့်ကောင်းနေသည်။

‎သူ့မျက်ဝန်းထဲ၌ မှောင်ရိပ်တစ်ချို့ ဖြတ်သန်းသွားသော်လည်း မျက်နှာပေါ်တွင်မူ ဘာမှမပြောင်းလဲဘဲ မထုံတတ်သေးအမူအရာနှင့်ပင် ဖြစ်ကာ၊ "မျက်နှာလဲ သွားသစ်လိုက်ဦး။" ဟု ထပ်ပြောလိုက်သည်။

Cheng Xi သည် ယနေ့ဒိတ်အတွက် သူမကိုယ်သူမ ပြင်ဆင်ခဲ့စဉ်က မိတ်ကပ်ပါးပါးလေးပါ လိမ်းခြယ်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် Lu Chenzhou ၏ အမိန့်ဆန်ဆန်ပြောလာသံကို ကြားသည့်အခါ ပြန်ပြောသည်က "ကျွန်မ မျက်နှာက မညစ်ပတ်ပါဘူး။ ဘာလို့ သစ်ရမှာလဲ။"

‎ထိုအခါ Lu Chenzhou က ဘဝမကျသည့်လေသံဖြင့် "နမ်းတဲ့အခါ ပိုအဆင်ပြေသွားအောင်။" ဟု ပြောလာတော့သည်။

‎"......"‎

Cheng Xi သူ့စကားကို သေချာမကြားလိုက်သကဲ့သို့ ဟန်ဆောင်ကာ မှန်ရှေ့သို့တိုးကပ်၍ မိမိမျက်နှာကို ဘယ်တစ်ပြန်၊ ညာတစ်ပြန်လှည့်ကြည့်ကာ ကိုယ့်ရုပ်ကို အသေအချာကြည့်လိုက်သည်။ "နည်းနည်းလေးမှ မညစ်ပတ်ပါဘူး။ လုံးဝ သန့်ရှင်းနေတာကို။"

‎"တကယ်လား။" Lu Chenzhou ထံမှ ခပ်ရွဲ့ရွဲ့ဖြေသံ ထွက်ပေါ်လာပြီး ရုတ်တရက်ဆိုသလို အနားတိုးကပ်လာကာ သူမမျက်နှာပေါ်တွင် ကိုက်ချလိုက်သည်။ "အခုရော ဘယ်လိုလဲ။"

‎"......"‎

သူမ ဘာမှမပြောတာ့ဘဲ ခေါင်းငုံ့ကာ မျက်နှာသစ်လိုက်ရလေသည်။ 

Lu Chenzhou က သူမနံဘေးတွင်ရပ်ရင်း မှန်ထဲ၌မြင်နေရသည့် ၎င်းတို့၏ပုံရိပ်ကို ကြည့်နေသည်။ သူ၏မျက်ဝန်းများသည် ခါတိုင်းကဲ့သို့ပင် ကြည်လင်စူးရှ၍ အေးစက်ခက်ထန်နေကာ Cheng Xi သည် ထိုမျက်ဝန်းများနှင့် နေသားတကျရှိနေပြီ ဖြစ်သည်။ သို့သော် ယခုချိန်ရောက်သည့်တိုင်အောင် သူ၏မျက်ဝန်းနက်များထဲသို့ သူမ တည့်တည့်စူးစိုက် မကြည့်ရဲသေးပေ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now