အခန်း (၁၂၁ - က)

368 32 0
                                    

Unicode - ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်းသာရှိနေပါက ၎င်းတို့ဘာလုပ်နေခြင်း ဖြစ်နိုင်သနည်း။

Lu Chenzhou ၏အသိစိတ်အာရုံကို ဖမ်းစားဆွဲဆောင်နိုင်သည့်အရာ၊ သူ့ထံမှ ပြင်းထန်သည့် တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာအောင် လှုံ့ဆော်မှုပြုနိုင်သည့်အရာဟူ၍ များများစားစား မရှိသည့်အတွက် သူအဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စိတ်လွတ်သွားသည့်အဖြစ်မှာ ကြုံတောင့်ကြုံခဲ အရာတစ်ခုသာဖြစ်သည်။ ဤသည်မှာ - Cheng Xi အား အကြိုအပို့လုပ်ပေးနေခြင်းကိုပင် သူ၏ဝတ္တရားတစ်ခုအဖြစ် သတ်မှတ်ထားပုံကိုကြည့်၍ ပြောရခြင်းဖြစ်သည်။ ရံဖန်ရံခါအချိန်များတွင် Lu Chenzhou သည် စိတ်လွတ်ကိုယ်လွတ် ဖြစ်တတ်သော်လည်း ထိုအဖြစ်အပျက်တို့က တုံ့ပြန်မှုကြီးကြီးမားမား ဖြစ်လာရန်အတွက်မူ အားပျော့လွန်းနေပြန်သည်။

ငါသူနဲ့ အတူတူ တကယ် မအိပ်ဖြစ်သွားလောက်ပါဘူးနော်။

ထိုအကြောင်းကို စဉ်းစားတွေးပူနေခြင်းက ဘာအကျိုးမှမရှိ။ သို့သော် Cheng Xi သည် ထိုကိစ္စကိုတွေးရင်းနှင့်ပင် သူနာပြုဆရာမနှင့် စကားဆက်မပြောဖြစ်တော့ဘဲ အတွေးကမ္ဘာထဲ၌ ငေးမျောစီးပါသွားမိတော့သည်။ အမှန်၌မူ နှစ်ယောက်လုံး အလုပ်များနေခြင်းဖြစ်ပြီးယခုကဲ့သို့ ခဏတဖြုတ်စကားပြောနိုင်ရန်ပင်လျှင် အချိန်လု၍ ပြောနေရသည်။

Cheng Xi သည် သူမ လုပ်ဆောင်ရမည့်တာဝန်များ ပြီးဆုံးသွားပြီဖြစ်သော်လည်း စိတ်ထဲ၌ တစ်စုံတစ်ရာကိုစိတ်မချနိုင် ဖြစ်နေသည်။ ဤသို့ဖြင့် သူမလူနာများရှိရာအဆောင်သို့ နောက်တစ်ကြိမ် ရောက်သွားသည်။ လူနာများနှင့်တွေ့သည့်အခါ ၎င်းတို့၏လူနေမှုဘဝနှင့် အနာဂတ်ရည်မှန်းချက်များ အကြောင်းကို ပြောဖြစ်ကြသည်။ Chen Jiaman ကမူ သူစိမ်းများနှင့် ဆက်ဆံပတ်သက်လိုခြင်း မရှိသည့်အတွက် အခြားသူများထက်ပင် ပို၍ချဉ်းကပ်ရခက်နေတော့သည်။

Cheng Xi သည် ရက်အနည်းငယ် ခွင့်ယူထားခဲ့သည်ဖြစ်ရာ ပြီးခဲ့သည့်ရက်များအတွင်းက သူ့ကိုသွားမတွေ့ဖြစ်ခဲ့၍ ယခုဆိုလျှင် Cheng Xi ပြောနေသည်များကိုပင် တုံ့ပြန်မှုမပြုလာတော့။ စကားတစ်ခွန်းမှ မပြောဘဲ သူ၏ပုံဆွဲစာအုပ်ကိုကိုင်ကာ ခုတင်ခေါင်းရင်းနား၌ ရှိနေသည်။ Cheng Xi မည်သည့်အကြောင်းအရာပင် ပြောနေစေကာမူ Chen Jiaman ထံမှ ပြီးပြီးရောဖြေသံသာ ထွက်လာသည်။ အခန်းထဲမှ Cheng Xi ပြန်ထွက်သွားချိန်မှသာ Chen Jiaman ခေါင်းလှည့်လာပြီး တိတ်တခိုးလေး လှမ်းကြည့်ခြင်းဖြစ်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now