Unicode - ခံနိုင်စွမ်းမရှိသော
Cheng Xi ဖုန်းယူကာ ဆေးရုံသို့လှမ်းဖုန်းဆက်ပြီး Chen Jiaman ၏ရောဂါအခြေအနေကို သတင်းလာမေးသူရှိခဲ့ပါက သူ၏မိသားစုဝင်ပင်ဖြစ်လင့်ကစား သူမဆီသို့ ပထမဆုံးအကြောင်းကြားရန် ပြောထားလိုက်သည်။
Lin Fan ဆေးရုံသို့ သွားမည်လားဆိုသည်ကိုမူ သူမ အမှန်တကယ်မသိသော်လည်း တစ်ချိန်ချိန်၌သေချာပေါက်တော့ သွားမည်ဖြစ်ကြောင်းကို Cheng Xi သိသည်။
ထင်ထားသည့်အတိုင်းပင် သူမ အိမ်မှထွက်လာခါနီး၌ အကြီးတန်းသူနာပြုဆရာမက Chen Jiaman ကိုတွေ့ရန် အမျိုးသားတစ်ယောက် ရောက်နေကြောင်းကို သတင်းပို့လာသည်။ ယခုအချိန်မှာ ဧည့်တွေ့ချိန်မရောက်သေးသဖြင့် သူ့ကို အထဲသို့ပေးဝင်ခွင့်မပြုသော်လည်း လူနာအကြောင်းကိုတော့ ပြည့်စုံစွာရှင်းပြထားလိုက်သည်။
Cheng Xi မေးလာသည်မှာ "သူ့နာမည်ကို ပြောခဲ့သေးလား။"
"သူ့ရဲ့မျိုးရိုးနာမည်က Wang လို့တော့ပြောတယ်။ လူက အသက်ခပ်ငယ်ငယ်၊ အရပ်လည်းမြင့်ပြီး အတော်လေးတော့ ကြည့်ကောင်းတယ်။"
ဆေးရုံ၌ CCTV ကင်မရာတပ်ဆင်ထားခြင်းဖြစ်၍ Cheng Xi ကိုယ်တိုင် စစ်ဆေးကြည့်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်က Chen Jiaman ၏ 'မိသားစုဝင်' တစ်ယောက် ရောက်လာခြင်းကြောင့် ဖြစ်ခဲ့သည့်ပြဿနာအရ ဤတစ်ကြိမ်တွင် ထိုအကြီးတန်းသူနာပြုဆရာမမှာ အထူးသတိထားခြင်းဖြစ်၍ စောင့်ကြည့်ကင်မရာမှ ရိုက်ယူလိုက်နိုင်သည့် ဓာတ်ပုံတစ်ပုံကို Cheng Xi ထံ ပို့လာတော့သည်။
ထိုပုံက ကြည်လင်ပြတ်သားခြင်း မရှိသော်လည်း Chen Jiaman ထံသို့ မည်သူလာကြည့်ခြင်း ဖြစ်ကြောင်းကို Cheng Xi အလွယ်တကူ သိနိုင်လောက်သည်အထိတော့ အဆင်ပြေနေသည်။
ဓာတ်ပုံထဲမှထိုလူက သူ့မျက်နှာကို တစ်ချိန်လုံးကာထားခြင်းဖြစ်သည့်တိုင်အောင် ခန္ဓာကိုယ်ပုံပန်းသွင်ပြင်က Lin Fan ဖြစ်နေကြောင်းထင်ရှားသည်။
ကြည့်ကောင်းကာ ခန့်ညားသည့်အသွင်ရှိပြီး ပိန်ပိန်ပါးပါးနှင့်ဖြစ်သည်။
Lin Fan မိခင် တွေ့ရန်ချိန်းဆိုလိုက်သည့်နေရာ၌ အချိန်ခဏခန့်ကြာအောင် Cheng Xi ထိုင်စောင့်နေသည်။ ဤသို့ဖြင့် နောက်ဆုံး၌ Lin Fan ၏မိခင်ရောက်လာသည့်အခါ နေ့လည်စာစားချိန်ပင် ကျော်လွန်သွားပြီဖြစ်သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...