Unicode - အတူနေခြင်း?
Cheng Xi မှာ ပါမောက္ခ၏ ဆိုင်းမဆင့်ဗုံမဆင့် သတင်းစကားကြောင့် အံသြသွားသည်။ "တကယ်ကြီးလား၊ ပါမောက္ခ။" သူမ စိတ်ထဲ၌လည်း ရုတ်တရက် ဗျာများသွားရသည်။ "အဲ့ဒီတုန်းက သူ့မိသားစုဝင်တွေကို ကျွန်မ သေသေချာချာ ရှင်းပြပြီးပြီလို့ ထင်ခဲ့တာ။ "
ကျောင်းအုပ်ကြီးမှာ Cai Yi နှင့်တွေ့ရန် စောင့်နေသေးသဖြင့် ဖြစ်ခဲ့သမျှအလုံးစုံတို့ကို Cheng Xi အသေးစိတ် ရှင်းပြခွင့် မရတော့။ "ပါမောက္ခ၊ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါဦး။ ဘာဖြစ်နေတယ်ဆိုတဲ့ အခြေအနေမှန်ကို သူတို့ဆီ သေသေချာချာ ပြောပြပေးပါ။ ဒါတွေအားလုံးက နားလည်မှု လွဲနေတာတွေပါ။"
Cai Yi က တကျွတ်ကျွတ် စုတ်သပ်ရင်း သူမ နဖူးကို လက်ညိုးထိုးလိုက်သည်။ "ငတုံးမလေး၊ မင်းကတော့ Lu Chenzhou ရဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေတာပဲဖြစ်ရမယ်။" Cheng Xi ၏ အံ့သြတွေဝေနေသည့် မျက်နှာအမူအရာကို တွေ့သည့်အခါ သူမ ပို၍ သဘောကျစွာ ပြုံးသွားရသည်။ "ဒါပေမဲ့လည်း မင်းအနေနဲ့ အချစ်ဆိုတဲ့အရာပေါ်မှာ ပြင်းပြင်းပြပြ ခံစားတာမျိုး အမှန်တကယ် မရှိဘူးဆိုရင် သူ့ကို လက်ထပ်လိုက်တာကလည်း အရမ်းအဆိုးကြီးတော့ မဟုတ်ပါဘူး။"
"...ပါမောက္ခ ဘာကိုဆိုလိုတာလဲ။" Cheng Xi အနေဖြင့် သူမ ပါမောက္ခ၏ စကားတစ်လုံးကိုမှ နားမလည်တော့!
စိတ်မကောင်းစရာက Cai Yi ဆက်မရှင်းပြပေ။ Cheng Xi သူ့နောက်သို့လိုက်ပြီး မေးခွန်းဆက်မေးလိုသော်လည်း သူမ ပြန်ရလိုက်သည့် အဖြေက "တကယ်တော့ ငါက ဒီတိုင်းပဲ ခန့်မှန်းကြည့်တာပါ။ ငါ့ကို အခုချိန်မှာမေးလိုက်တာက သူ့ရဲ့အခြေအနေ နဲ့ပတ်သက်ပြီး မင်း ဆုံးဖြတ်မှတ်ယူထားတဲ့အပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့လည်း စိတ်ပူစရာမလိုပါဘူး။ တကယ်လို့ မင်းအနေနဲ့ စာချုပ်ကို အမှန်တကယ် ဖျက်သိမ်းချင်တယ်ဆိုရင် သူ မင်းကို လျော်ကြေးငွေ လျှော့ပေါ့သက်ညှာပေးဖို့ ငါပြောလိုက်မယ်။"
"... အဲ့ဒီလို လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပါမောက္ခကို ကျွန်မ ပြောရမလား။"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...