အခန်း (၉၁)

530 76 0
                                    

Unicode - နောက်ထပ်အနမ်းတစ်ပွင့်

ထိုမေးခွန်းကို Lu Chenzhou မေးလာသည့်အခါ ရုတ်တရက်ဆိုသလို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ Cheng Xi ခံစားလိုက်ရသည်။

Donglai နှင့် Cai Yi တို့ကြားက ပတ်သက်ဆွယ်နွယ်မှုကို သူမ အမှန်ပင်မေ့သွားခဲ့ခြင်းဖြစ်သည်၊ ထို့ပြင် သူမ၏ပါမောက္ခကို တားရန်အတွက် Lu Chenzhou ၏လူကိုပင် အကူညီတောင်းသည်အထိ ရူးမိုက်စွာကြိုးစားခဲ့မိလေသည်။

ယခုအချိန်၌မူ ရှေ့နေ Du က သူမကို ဤနေရာသို့လာရန် မရမကခေါ်ခဲ့ခြင်းကို မအံ့ဩမိတော့ပေ။ Lu Chenzhou သည် ဤကိစ္စအပေါ်၌ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ဝင်စားမှုတစ်ချို့ ရှိသည်ဟု သူမ ထင်ခဲ့သည်— ဟုတ်သည်၊ သူက ဤကိစ္စအပေါ်၌ အမှန်ပင် စိတ်ဝင်တစားရှိနေသော်လည်း လုပ်ငန်းသဘောအရပင် ဖြစ်သည်။  Donglai အုပ်စု၏ စီအီးအိုအနေဖြင့် Donglai ၏ အရေးပါဆုံးသော ဓာတ်ခွဲခန်းများထဲမှ တစ်ခုဖြစ်သည့် ထိုဓာတ်ခွဲခန်းက ဘာဖြစ်နေသည်ကို သေချာပေါက် သူစိတ်ဝင်စားပေလိမ့်မည်။

သို့သော် ဤအရာများအားလုံးအတွက် Cheng Xi ဘက်မှ ပြင်ဆင်ထားခဲ့ခြင်း မရှိပေ!

စိတ်ထဲ၌ ပျာယာခတ်နေမိသည်၊ သူမ၏ ဉာဏ်ရည်တွေးခေါ်နိုင်စွမ်းတို့က ဤမျှလောက် ကြီးမားသည့်ပြဿနာကို ဖြေရှင်းကိုင်တွယ်နိုင်စွမ်း မရှိသည့်အပြင် ထိုသို့သောကိစ္စများကို ရင်ဆိုင်နေရခြင်းကိုပင် စိတ်ရှုပ်လာမိတော့သည်။ အမှန်အတိုင်းပြောရလျှင် ဆရာဝန်များအနေဖြင့် မိမိ၏လူနာများကို ကုသခြင်းအပေါ်၌သာ အာရုံစိုက်ထားလိုက်ပါက လုံလောက်ပြီမဟုတ်ပါလား။ မည်သည့်အတွက်ကြောင့် ဤကဲ့သို့ စိတ်ရှုပ်စရာကောင်းသည့် ကိစ္စများထဲတွင် ပါဝင်ပါတ်သက်​နေရပါသေးသနည်း။

သို့သော် စိတ်ဓာတ်ကျချင်စရာ ကောင်းသည့် ထိုအတွေးများကို Cheng Xi ရပ်တန့်ပစ်လိုက်သည်။ သူမမျက်နှာကို လက်ဖြင့်ပွတ်ကာ စိတ်အခြေနေကို ပုံမှန်ဖြစ်အောင် ပြန်လည်လုပ်ယူလိုက်ပြီးနောက် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ "ကျွန်မ အမှားပါ၊ အဲ့ဒီအချက်ကို မေ့သွားတယ်။"

Lu Chenzhou က အထင်မြင်သေးသည့် မျက်နှာဟန်ပန်တို့ လုပ်ပြလာတော့မည်ဟူ၍ သူမ ခံစားမိသည့်အခါ ထိုအတွေးတစ်ခုတည်းနှင့်ပင် ဒေါသထွက်သွားတော့သည်။ "ဒါပေမဲ့ ရှင့်ဘက်က မလုပ်နိုင်ဘူး၊ မတတ်နိုင်ဘူးဆိုရင်လည်း ကိစ္စမရှိဘူး။ ရှင့်ရဲ့ရှေ့နေက ကျွန်မကို အကူအညီမပေးနိုင်ဘူးဆိုရင် တခြားတစ်ယောက်ကိုပဲ ကျွန်မကိုယ်တိုင် သွားရှာလိုက်မယ်။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now