အခန်း (၃၈)

826 135 4
                                    

Unicode - မတော်တဆမှု

ရွေးချယ်စရာမရှိသည့် Cheng Xi အနေဖြင့် အဝတ်စားလဲကာ Lu Chenzhou အဘိုး၏မွေးနေ့ပွဲရှိရာသို့ သူနှင့်အတူသွားရတော့သည်။ အနည်းဆုံးတော့ သူ၏မိသားစုများက Lu Chenzhou ၏စိတ်ရောဂါအခြေအနေကြောင်းကို သိနှင့်ပြီးကြပြီဖြစ်၍ သူ့နောက်သို့လိုက်သွားရန်ကို Cheng Xi တွေးပူမနေတော့ပေ။

Lu Chenzhou ၏အဘိုးမှာ အသက်အပိုင်းအခြားတစ်ခုအထိ ရှင်သန်နေထိုင်ခဲ့ပြီဖြစ်၍ ပကာသနဆန်ကာ ခမ်းနားကြီးကျယ်သည့် ပွဲမျိုး ကျင်းပခြင်းမဟုတ်သည့်တိုင် ပွဲငယ်လေးတစ်ခုဟူ၍လည်း သတ်မှတ်၍မရပေ။ ခင်းကျင်းထားသည့် စားပွဲဝိုင်းများတွင် လူပြည့်နေကာ Cheng Xi က သူမ ရင်းနှီးသည့်လူတစ်ယောက်နှင့်ပင် ပက်ပင်းသွားတိုးသည်။

“Cheng Xi” Lin Fan က သူမ ကို အရင်တွေ့လိုက်ခြင်းဖြစ်သည်။ သူမ တစ်ယောက်တည်းဖြစ်နေသည်ကို တွေ့သည်နှင့်ချက်ချင်း အနားသို့ ရောက်လာကာ နှုတ်ဆက်တော့သည်။

Lin Fan ထက်ပို၍ အံ့ဩသွားပုံပေါ်သူမှာ သူ့အနောက်တွင်ရှိနေသည့် သူ၏မိခင်ပင်ဖြစ်သည်။ "Cheng Xi လား။"

သူက Cheng Xi ကို အမှန်ပင် မှတ်မိနေဆဲဖြစ်သည်။ Cheng Xi ပြုံးကာ ပြန်ဖြေလာသည်။ "ဟုတ်ပါတယ်။ အခုလို Mrs. Lin နဲ့ပြန်တွေ့ရတာ ဝမ်းသာပါတယ်။"

"ငါလည်း မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်။" Lin Fan မိခင်က သူမကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ပြောလာသည့် သူ၏စကားလေသံတို့တွင် အနည်းငယ်စိတ်မကောင်းဖြစ်နေဟန်တို့ ရောစွက်နေသည်။ "မတွေ့ဖြစ်တာတောင် ဘယ်လောက်ကြာနေပြီလဲ။ မင်းက နှစ်တွေကြာလာလေလေ ပိုထွားလာလေလေပဲ။" ဤနေရာ၌ပြန်ဆုံဖြစ်ကြသည်ကို အမှတ်ရမိသည့်အခါ "မင်းက Lu မိသားစုနဲ့ ရင်းနှီးတာလား။"

"ကျွန်မနဲ့ သိပ်မရင်းနှီးပေမဲ့ ကျွန်မ ပါမောက္ခက Mr. Lu ရဲ့ အဘိုးနဲ့ အရမ်းရင်းနှီးကြပါတယ်။"

"ပါမောက္ခ—မင်းက ကျောင်းမပြီးသေးဘူးပေါ့။"

"မဟုတ်ပါဘူး၊ ကျွန်မ ဘွဲ့ရပြီးတာ နှစ်နှစ်ကြာပါပြီ။ ကျွန်မဆိုလိုတာက ဆေးကျောင်းတက်တုန်းက ကျွန်မရဲ့ပါမောက္ခလို့ ပြောချင်တာပါ။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Nơi câu chuyện tồn tại. Hãy khám phá bây giờ