Unicode - ပြောင်အောင်ဆေး
ဤသည်က Lin Fan အနေဖြင့် ပထမဆုံးအကြိမ် မျက်နှာပြောင်တိုက်ကာ လုပ်လိုက်သည့်အရာဖြစ်၍ သူ့အနေဖြင့် စိတ်လှုပ်ရှားသင့်ပါသည်။ ထို့နောက် နမ်းပြီးသည်နှင့် သူမကိုယ်လေးကိုလွှတ်ကာ ကားနောက်သို့ ပြေးလိုက်သွားတော့သည်။
သူ့လုပ်ပုံက မြန်ဆန်လွန်းသဖြင့် ထိုကားက အဝေးသို့မောင်းထွက်သွားပြီးသည့်အချိန်၌ပင် Cheng Xi သတိပြန်မဝင်လာသေးပေ။
"......" သူမ ဆွံ့အသွားမိခြင်း ဖြစ်သည်။
Lin Fan ထိုကဲ့သို့ ရှက်နေပုံကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာပင် ရှိတော့မည်ဖြစ်သည်။
ထိုအခြေအနေကြောင့် Cheng Xi မအောင့်နိုင်ဘဲ ရယ်မိတော့သည်။ ထို့နောက် အိပ်ကပ်ထဲသို့လက်ထည့်ကာ အိမ်ပြန်လျှောက်သွားရန် ပြင်လိုက်သည်။ နောက်ပြန်လှည့်လိုက်သည့်အခါ သူမတို့တိုက်နံဘေးတွင် ပါကင်ထိုးထားသည့် ကားတစ်စီးကို လှမ်းကြည့်မိသွားသည်။ အနက်ရောင်ဖြစ်ကာ အမှောင်ထဲ၌ ပုန်းလျှိုးကွယ်လျှိုးရှိနေပုံက သရဲကြီးတစ်ကောင်၏ အရိပ်နှင့်ပင် တူနေသည်။
ထိုကားကို သူမ အနည်းငယ်အနားတိုး၍ ကြည့်လိုက်သည့်အခါ ကားရှေ့မီးက ရုတ်တရက်လင်းသွားပြီး သူမမျက်နှာပေါ်သို့ ကျရောက်လာသည့် အားကောင်းတောက်ပသော မီးရောင်စူးစူးကြောင့် အမြင်အာရုံများ ပြာဝေသွားရသည်။
ကားမောင်သူမှာ မည်သူမည်ဝါမှန်း သူမ မမြင်ရသေးသည့်တိုင် ထိုလူ၏ ရန်လိုနေသည့်သဘောထားကို ခံစားမိနေပြီဖြစ်သည်။ သူမမျက်လုံးများကို ချက်ချင်းအုပ်ကာလိုက်ကာ မျက်မှောင်ကြုတ်ပြီး ထွက်သွားရန်ပြင်လိုက်သည်။
ထိုအချိန်၌ လမ်းပေါ်၌ ကားများများစားမရှိသကဲ့သို့ လမ်းသွားလမ်းလာများလည်း ကျဲပါးနေသည့်အပြင် Cheng Xi ဘာပြဿနာမှ မဖြစ်လိုပေ။
သို့သော် သူမ အိမ်ပြန်ရန် ခြေလှမ်းပြင်လိုက်သည်နှင့် - ပွမ်၊ ပွမ်၊ ပွမ်၊ ပွမ်၊ ပွမ်၊ ပွမ် - ဟူ၍ နားကွဲထွက်မတတ် ကျယ်လောင်စူးရှသည့် ဟွန်းတီးသံက တိတ်ဆိတ်ငြိမ်သက်နေသည့် ညချမ်းလေးတွင် အဆက်မပြတ် ထိုးဖောက်ဝင်ရောက် နှောင့်ယှက်လာတော့သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...