အခန်း (၁၂၄ - ခ)

262 33 4
                                    

Unicode

သူ့အမေးကို Lu Chenzhou က ခေါင်းညိတ်ကာ အတည်ပြုထောက်ခံလိုက်သည်။

ထိုသို့ အပြန်အလှန်ပြောနေပုံကြောင့် Cheng Xi ဆွံ့အသွားရတော့သည်။

သူမသည် တစ်စုံတစ်ယောက်၏ ကတိကဝတ်ပြုထားခြင်းခံရသူ ဖြစ်နေကြောင်းကို မိမိမှလွဲ၍ ကမ္ဘာပေါ်ရှိလူတိုင်း သိနေသကဲ့သို့ပင် ခံစားလိုက်ရသည်။ ဤအခြေနေက ဝမ်းထဲ၌ အပြင်းအထန် စူးအောင့်နာကျင်ပြီး ခံရခက်လှသည့် ခံစားချက်မျိုးပင်။

သို့သော် Lu Chenzhou ကမူ ဆိုင်ရှင်အမျိုးသမီးကို ဤသို့ လှမ်းမေးနေပြီဖြစ်သည်၊ "ဒီမှာ ဂါဝန်တွေရှိလား။"

"သိပ်ရှိတာပေါ့။ အခု ကျွန်မတို့က လာမယ့်နွေဦးရာသီအတွက် အဝတ်အစားဒီဇိုင်းသစ်တွေ လုပ်နေတာလေ။' ထို့နောက် Cheng Xi ရှိရာသို့ လှမ်းကြည့်လာပြီး နောက်တစ်ကြိမ် ပြုံးပြလိုက်သည်။ "သူက အသားဖြူပြီး အရပ်အမောင်းကလည်း မဆိုးဘူး။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဝတ်လှမ်းစင်ကောင်း တစ်ခုဖြစ်မှန်း သိပ်သိသာတယ်—သူက ဘာဝတ်ဝတ်လိုက်ဖက်နေမှာကိုး။"

ထို့နောက်တွင် ဆိုင်ရှင်က သူမတို့နှစ်ယောက်ကို အပေါ်ထပ်သို့ခေါ်သွားကာ နေရာထိုင်ခင်းပေး၍ ဧည့်ခံမှုပြုလေသည်။ တစ်ချိန်တည်းမှာပင် ဝန်ထမ်းလေးယောက်သည် အဝတ်အစားအစုံလိုက် သယ်ယူလာကြသည်။

ထိုအဝတ်အစားများသည် ဒီဇိုင်းမျိုးစုံဖြစ်ကာ ဂါဝန်အရှည်မှအတို၊ sexy ကျကျစတိုင်မှစ၍ ​ရှေးရိုးဆန်သည့်ပုံစံတို့အပြင် စမတ်ကျသားနားသည့်ဟန်မှ ချစ်စရာကောင်းသည့်ဖက်ရှင် အစရှိသဖြင့် စုံလင်နေသည်။ သို့သော် ထိုအဝတ်ပုံကို Cheng Xi ကြည့်၍မပြီးခင်မှာပင် Lu Chenzhou က ဘဝင်မကျဟန်ဖြင့် လက်ဝှေ့ယမ်းပြလာသည်။ "ရှုပ်ယှက်ခက်နေတာမျိုး မလိုချင်ဘူး၊ သူအခုဝတ်ထားတဲ့အတိုင်းဆို ရပြီ။"

ဆိုင်ရှင်အမျိုးသမီးသည် Cheng Xi ၏ဝတ်စုံကို အချိန်ခဏခန့် အသေအချာ ကြည့်ပြီးနောက်တွင် ချက်ချင်း နားလည်သွားသည်။ နောက်ထပ် သူမယူလာပြသည့် အဝတ်အစားများမှာ ဒူးဖုံးသည့် ကိုယ်ကျပ်ဂါဝန်ရှည်များဖြစ်သည်။ ထိုဝတ်စုံများကို အသားကောင်းသည့် ပိတ်စအပျော့သားဖြင့် ချုပ်လုပ်ထားခြင်းဖြစ်၍ ထိကိုင်ရသည်မှာ အလွန်ပင်ကောင်းနေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now