အခန်း (၇၉)

554 90 0
                                    

Unicode - မင်းစိတ်မပျော်ဘူးလား။

Lin Fan က အတည်ပေါက် ပြောနေခြင်းဖြစ်ကာ သူ၏လေသံနှင့် အမူအရာတို့မှတစ်ဆင့် ဆန္ဒပြင်းပြနေကြောင်း သိနိုင်လေသည်။

ရုတ်တရက်ဆိုသလို Cheng Xi စိတ်ထဲ၌ ကျောင်းတက်နေစဉ်အချိန်က ကိစ္စတစ်ခုကို ပြန်အမှတ်ရသွားသည်။ တစ်နေ့၌ Lin Fan က ဗြုန်းစားကြီး ပြောလာသည်မှာ "ငါတို့ ကျောင်းပြေးရအောင်။"

အမြဲတစေ ဇွဲရှိရှိနှင့် စာကြိုးစားသည့် စံပြကျောင်းသားလေးက ဘာကိုမှ ကြိုတင်ပြင်ဆင် တွေးထားခြင်းမရှိဘဲနှင့် ကျောင်းပြေးရန် ရုတ်တရက်အကြံပြုသည့်အပြင် အခြားလိမ္မာသည့် ကျောင်းသားတစ်ဦးကိုပါ သူနှင့်အတူလိုက်ရန် ဆွယ်တရားဟောလိုက်သေးသည်။ အတန်း၏စာအတော်ဆုံး ကျောင်းသားများဖြစ်ကြသည့်အလျောက် ထိုသို့လုပ်ခြင်း၏ အကျိုးဆက်မှာ ဘာဖြစ်လိမ့်မည်ကို တွေးကြည့်နေရန်ပင်မလိုပေ။

သို့သော် ထိုအချိန်ကမူ Cheng Xi မှာ စိတ်တည်ငြိမ်ကာ ခေါင်းကြည်နေသည်ဖြစ်၍ သူ့ကို ပထမဆုံးမေးခွန်းထုတ်လိုက်သည်။ "ဘယ်ကိုသွားမှာလဲ။ ဘယ်လောက်ကြာမှာလဲ။" Lin Fan က ထိုကိစ္စအတွက် အမှန်ပင် အလေးအနက်ထား၍ စီစဉ်လိုက်မည်ကို စိတ်ပူသဖြင့် စကားအချို့ပါ ထပ်ဖြည့်ပြောလိုက်သည်။ "ငါတို့ အချိန်ကြာကြီး သွားရမှာဆိုရင် ငါ ပိုက်ဆံထပ်သွားယူမှာဖြစ်မှာ။"

ထိုအရာနှင့်ပတ်သက်၍ Lin Fan မတွေးကြည့်ရသေးပေ၊ သူကျောင်းပြေးကာ အဝေးသို့ထွက်ပြေးလိုက်ရန်၊ ပို၍ဝေးသည့်နေရာသို့ ထွက်သွားချင်ခဲ့ရုံသာ ဖြစ်သည်။

"ဒါဆို အဲ့ဒီအကြောင်းကို အရင်စဉ်းစားကြမယ်လေ။"

ဤသို့ဖြင့် မည်သည့်နေရာသို့ သွားကြမည်၊ ငွေမည်မျှ ထည့်သွားရန်လိုမည်၊ ထိုသို့သွားရင်းနှင့် လမ်း၌ ဘာဖြစ်နိုင်သည်၊ အကယ်၍ အရေးပေါ်အခြေအနေတစ်ခု ကြုံလာခဲ့ပါက မည်သို့လုပ်ကြမည်ဟူ၍ နှစ်ယောက်သား တွေးနေကြတော့သည်။ သို့သော် ထိုသို့ အကြံဉာဏ်များထုတ်သုံး စဉ်းစားခဲ့ကြသော်လည်း သူမတို့စိတ်ကူးထဲ၌ ကျောင်းပြေးဖြစ်သည်မှလွဲ၍ လက်တွေ့၌မူ ဘာတစ်ခုမှ အကောင်အထည် ပေါ်မလာတော့ပေ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now