အခန်း (၄၁)

790 123 6
                                    

Unicode - အဆိပ်ခပ်ခြင်း

ဆေးရုံ၏ဧည့်ခန်းမဆောင်မှ Cheng Xi ထွက်လာသည့်အခါ အချိန်ကအတော်လေး နောက်ကျနေပြီဖြစ်ပြီး သူမ တစ်ကိုယ်လုံးစိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းလျနေသည်။ Chen Jiaman ကိုက်လိုက်သည့်ဒဏ်ရာကလည်း တစ်ချိန်လုံး တဆစ်ဆစ်ကိုက်နေသည့်အပြင် ကြည့်ရသည်မှာ အချိန်တိုအတွင်း ပြန်ကောင်းလာမည့်ပုံမပေါ်။

သူမ လက်ကိုထိန်းကိုင်ရင်း အနာသက်သာအောင် ဒဏ်ရာကိုညှစ်ကြည့်ရန် လုပ်နေစဉ်မှာပင် သူမ ရှေ့သို့ လူတစ်ယောက် ရုတ်တရက်ရောက်လာသည်။

သူမ ရပ်လိုက်ကာ "Lin Fan? နင် မပြန်သွားဘူးပေါ့။"

"အင်း။"

Cheng Xi ဘာပြောရမှန်းမသိပေ၊ ဤသည်မှာ သူမ၏ ဒေါသနှင့် မခံမရပ်နိုင်အောင် ခံစားလိုက်ရသည့် နာကြည်းမှုတို့ကြောင့် ဖြစ်နိုင်ကာ Lin Fan ကို သူမ လုံးလုံးမေ့သွားခြင်းဖြစ်သည်။

သို့သော် သူ၏မျက်နှာပေါ်တွင် မသိမသာပြုံးသွားရပြီး "ငါ နောက်နေတာ။" ဟူ၍ပြောလာသည့် သူ၏စကားသံတို့က နွေးထွေးကာ နူးညံ့ညင်သာနေသည်။ "Lu အိမ်တော်ရဲ့ မွေးနေ့ပွဲကလည်း အခုလေးမှပြီးတာပါ။ ငါ စိတ်မချလို့ နင်ဘာလုပ်နေလဲဆိုတာသိချင်တာနဲ့ လာကြည့်တာ။"

Cheng Xi ရပ်တန့်သွားပြီး သူမ ရင်ထဲတွင် အနည်းငယ်သော ငိုချင်စိတ်တို့က ရုတ်တရက်ဆိုသလို ဖြစ်ပေါ်လာသည်။ ထိုအခိုက်တန့်၌ပင် သူမကိုယ်တိုင်လည်း မတရားစွာ ပြုမူဆက်ဆံခံခဲ့ရကြောင်းနှင့် နေထိုင်မကောင်းဖြစ်နေကြောင်းကို နားလည်သွားမိတော့သည်။

"Lin Fan……"

"ငါ ရှိတယ်။"

"ငါ သွားသောက်ချင်တယ်ဟာ။ နင် အဖော်လိုက်ပေးမှာလား။"

"အိုခေ။"

ဤသို့ဖြင့် ဆေးရုံအနီးရှိလမ်းကြားလေးထဲတွင် နှစ်ယောက်သား သွားသောက်ဖြစ်ကြတော့သည်။ ထိုနေရာ၌ လူစည်ကားသည့် ညဈေးတန်းတစ်ခုရှိသည်။ ယခုကဲ့သို့ ညအချိန်ဆိုလျှင် သင်းပျံ့သည့်စွဲမက်ဖွယ်ရနံ့တို့နှင့် လမ်းမီးတိုင်များမှ ဝါဝါထိန်ထိန် မီးအလင်းရောင်တို့က ရိုးရှင်းကာ ရှေးကျသည့်လမ်းဘေးဈေးတန်းလေး၏ အငွေ့အသက်တို့ကို ထင်ဟပ်သွားစေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now