Unicode
(‼️ ဤအခန်း၌ အသက်မပြည့်သေးသူများဖတ်ရှုရန် မသင့်တော်သည့် စကအသုံးအနှုန်းများ ပါဝင်သည်။)
Cheng မားမားမှာ ဖြစ်ပျက်နေသည့် အခြေအနေများကို ပြည့်စုံစွာမသိနားမလည်သဖြင့် Lin Fan ကိုတွေ့သည့်အခါ သူမ စိတ်မကောင်းဖြစ်သွားသည်။ ထိုသူငယ်က သမီးဖြစ်သူအတွက် အသင့်တော်ဆုံးသော သားသမက်ပင်ဖြစ်သည် - စွမ်းဆောင်နိုင်စွမ်းရှိပြီး စဉ်းစားတွေးခေါ်တတ်သူဖြစ်သည်၊ မိသားစုနောက်ခံမျိုးရိုးကောင်းပြီး ပညာတတ်လူရည်မွန်တစ်ဦးဖြစ်သည့်အပြင် နိုင်ငံခြားမှဘွဲ့ယူထားခြင်းဖြစ်၍ သဘောမကျနိုင်စရာ ဘာအကြောင်းမှမရှိပေ! ဤသို့သော သားမက်က သူမ ထုတ်ကြွားလိုသူ၊ ပွဲထုတ်လိုသူသာ ဖြစ်သည်။
ထို့ထက် ပိုအဓိကကျသည်မှာ သူက သမီးလေး၏အတန်းဖော်ဟောင်းဖြစ်၍ နှစ်ယောက်သားက ထဲထဲဝင်ဝင် ရင်းနှီးသိနေကြသည်။
သို့သော် သမီးဖြစ်သူက Lu Chenzhou ကို ရွေးချယ်ထားပြီးပြီဖြစ်၍ ရင်ထဲမှ ဖြစ်စေချင်သည့်ဆန္ဒများကို မျိုသိပ်ကာ ပြောရတော့သည်။ "Cheng Xi ကိုလာကြိုတာလား။ သူက မင်းကို ဒီလိုဒုက္ခပေးခိုင်းလို့ ဘယ်ဖြစ်မလဲ။ သူ့ကောင်လေးက လိုက်ပို့ဖို့ ဒီမှာတောင်ရောက်နေပြီ။"
Lin Fan မျက်နှာကို Cheng Xi မမြင်ရသော်လည်း မည်သည့်အမူအရာအဖြစ် ပြောင်းလဲသွားမည်ကို သူမခန့်မှန်း၍ရသည်။ သံသယရှိစရာ မလိုအောင်ပင် စိတ်ရှုပ်သွားသည့်မျက်နှာနှင့်ဖြစ်ကာ ဖော်ပြ၍မရနိုင်သည့် အမူအရာမျိုးပင်။
Cheng Xi တစ်ယောက် မိခင်ဖြစ်သူကို စိတ်ဆိုးသွားရပြီး အထဲမှထွက်လာသည်။ "အမေ၊ ဘာတွေပြောနေတာလဲ။" ထို့နောက် သူမ Lin Fan ကိုကြည့်ကာ "ဟင်... နင်ရောက်နေတာလား။ ဒါဆိုလည်း ဘာလို့အခုထိ အိမ်ထဲမဝင်သေးတာလဲ။"
သူမ Lin Fan ကို ထိုအတိုင်း အပြင်၌ဆက်ရပ်ခိုင်း၍မဖြစ်ပေ။ အကယ်၍ ဤသို့ထားလိုက်လျှင်လည်း သူ့မေးခွန်းများက ပိုများလာမည်ဖြစ်သည်။
Cheng မားမားနှင့် Lin Fan တို့နှစ်ယောက်လုံးက လုံးလုံးကြီး ဆန့်ကျင်ဘက်ဖြစ်နေသည့် မျက်နှာအမူအရာနှင့် သူမကို ကြည့်လာကြသည်။ မိခင်ဖြစ်သူက ထိုလုပ်ရပ်သည် Lin Fan နှင့် တရင်းတနှီးဖြစ်လွန်းသည်ဟု ခံစားမိသည့်အတွက် သူမကို အပြစ်တင်လိုပုံပေါ်နေသည်။ သို့သော် Lin Fan ကမူ အတော်လေး တည်ငြိမ်အေးဆေးနေပြီး သူမကိုပင် ပြုံးပြလာသည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...