အခန်း (၆၅)

753 113 0
                                    

Unicode - မင်းဘက်က ပြန်ခုခံမှာလား။

သူနှင့် နောက်ဆုံးအကြိမ် တွေ့ဖြစ်ခဲ့စဉ်ကတည်း Lu Chenzhou တစ်ခုခုများ ဖြစ်သွားခဲ့လေသည်လား ဆိုသည်ကို Cheng Xi မသိပေ။ သို့သော် သူ့အခြေအနေက ပုံမှန်မဟုတ်သည်မှာ သေချာသည်။ သူ့မျက်လုံးအောက်နားရှိ မျက်အိတ်များက ပြည့်ဖောင်းနေပြီး Cheng Xi သူ၏မျက်ခွံများကို ဖွင့်လှန်ကြည့်ခဲ့စဉ်က မျက်လုံးအတွင်း၌ အနီရောင်သွေးကြောအိမ်များ ရောယှက်နေသည်ကို ထင်ရှားစွာတွေ့ခဲ့ရသည်။ ဤသည်မှာ ရက်ပေါင်းရှည်ကြာစွာ လုံလောက်သည့် အိပ်စက်အနားမှုမရှိခြင်း၏ အဖြစ်များသည့်လက္ခဏာပင် ဖြစ်သည်။ 

စိတ်ခံစားမှုကင်းမဲ့ခြင်း ရောဂါခံစားနေရသည့် လူနာများသည် စိတ်ကျဝေဒနာသည်များနှင့် လက္ခဏာအများစုဆင်တူကြပြီး အိပ်မရသည့်ကိစ္စမှာလည်း ပုံမှန်ပင်ဖြစ်သည်။ သို့သော် ဤသို့သောအခြေအနေ၌ Lu Chenzhou တစ်ယောက် အိပ်မောကျနိုင်နေသည်မှာ အနည်းငယ်ထူးဆန်းနေသည်။

Cheng Xi ၏လက်သီးချက်က သူ့ကို မေ့လဲသွားစေခြင်း မဟုတ်သည်ကို သူမ သေချာသိသည့်အပြင် သူ့ပုံစံကလည်း သတိမေ့နေသူတစ်ယောက်နှင့် မတူပေ။ ထို့ကြောင့် ယခုအချိန်ထိ သူ မနိုးဘဲရှိနေသည်မှာ အမှန်ပင် အိပ်မောကျသွားခြင်းဖြစ်သည်ဟု ဆိုလိုသည်။

မည်သည့်အကြောင်းပြချက် ကြောင့်ပင်ဖြစ်ဖြစ်၊ အကယ်၍ သူသာအိပ်ပျော်နိုင်ပါက ယနေ့ည၌ Lu Chenzhou အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်ရန် သူမ မျှော်လင့်ပါသည်။

မျက်နှာကြက်ပေါ်၌ မီးထွန်းထားသည်များကို Cheng Xi ပိတ်ကာ အလင်းရောင်အတွက် မီးအိမ်ငယ်လေးတစ်ခုကိုသာ ဖွင့်ထားလိုက်သည်။ ထို့နောက် သူမအိပ်ခန်းသို့ ပြန်သွားရန် လုပ်လိုက်ချိန်၌ Cheng ပါးပါးက စောင်ခပ်ကြီးကြီး တစ်ထည်ယူလာသည်။ "သူကိုယ်ပေါ်မှာခြုံထားတာကိုဖယ်ပြီး ဒီစောင်နဲ့လဲလိုက်။"

Cheng ပါးပါးလက်ထဲ၌ ကိုင်ထားသည့်စောင်ကို သူမ ဖျတ်ခနဲလှမ်းကြည့်ပြီးနောက် Lu Chenzhou ကိုယ်ပေါ်မှစောင်ကို အသာအယာဖယ်လိုက်သည်။ ထို့နောက် သူမ ဖခင်က ထူထဲလေးလံလှသည့် စောင်ကြီးကို သူ့ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်ကို ကြည့်နေမိသည်။ မကြာမီအချိန်တွင်းမှာပင် ခြေတံလက်တံရှည်ရှည်နှင့် Mr. Lu မှာ ဝါဂွမ်းစောင်အပုံကြီးထဲ၌ စုန်းစုန်းမြုပ်သွားတော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now