Unicode - ချ၊ ချ!
Lu Chenzhou စိတ်လှုပ်ရှားတက်ကြွနေသည်ကို Cheng Xi အမှန်ပင် ခံစားသိနိုင်သည်။ ဤရက်ပိုင်းအတွင်း၌ သူတို့နှစ်ယောက်မတွေ့ဖြစ်ကြခြင်းမှာ Cheng Xi အလုပ်များနေခြင်းကြောင့် ဖြစ်သကဲ့သို့ သူ့ကို ရှောင်ဖယ်ရန် ကြိုးစားလိုသည့်စိတ်တို့လည်း တစ်ပိုင်းတစ်စပါဝင်နေသည်။
နှစ်ယောက်သား ဝေးကွာနေကြချိန်၌ အဆင်ပြေနေကြသေးသည်။ သို့သော် နီးစပ်ပူးကပ်သွားချိန်၌မူ Lu Chenzhou သည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားနိုင်စွမ်းတို့ လွတ်ထွက်သွားနိုင်မည့် အခြေအနေရှိနေသည်။
Cheng Xi သူ့ကို မည်သို့ရပ်တန့်ရမှန်း အမှန်ပင်မသိတော့။ ယခုအခြေအနေတိုင်း ဆက်သွားလိုက်လျှင်လည်း အမှားကြီးကြီး ဖြစ်မည်မဟုတ်။ ယနေ့ခေတ်၌ ချစ်သူစုံတွဲများတို့သည် ထိုသို့ပြုမူလေ့ရှိသည့်တိုင် Cheng Xi စိတ်ထဲ၌ တစ်စုံတစ်ရာကို စိုးထိတ်နေကာ ထိုကိစ္စလုပ်ရမည်ကို အမြဲပင် ဆန္ဒမရှိသကဲ့သို့ ခံစားနေမိသည်။ သူမအနေဖြင့် ကိုယ်ခန္ဓာအထိအတွေ့ လုပ်ခြင်းတို့ထက် ပလေတိုးနစ်အချစ်ကိုသာ ပိုမိုသဘောကျသည်။
ထို့ပြင် သူမသည် Lu Chenzhou နှင့် ဤသို့သော ထဲထဲဝင်ဝင် ပတ်သက်ရင်းနှီးသည့် အခြေအနေသို့ မရောက်သေးပေ။
သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့စားသောက်ပြီးနောက်တွင် Cheng Xi ၏စိတ်ထဲ၌ အာရုံအသိစိတ်တို့ ရှိနေဆဲဖြစ်သော်လည်း အနည်းအကျဉ်း ရှုပ်ထွေးနောက်ကျိနေသည်- ယခုသည် အချိန်မကျသေးဟုသာ သိနေပြီး Lu Chenzhou ကို မည်သို့ရပ်တန့်ရမှန်း မတွေးနိုင်တော့ခြင်းဖြစ်သည်။ နောက်ဆုံး၌ သူစိတ်ကျေနပ်သည့်အတိုင်းလုပ်ရန် ခွင့်ပြုပေးလိုက်ရသည်။ 'အေးလေ၊ ငါသူ့ကို တားလို့မရမှတော့ သူ့ကို ခွင့်ပြုပေးလိုက်တာပေါ့။'
ထိုအချိန်၌ သူတို့အနောက်ရှိ တံခါးချပ်က ပွင့်သွားသည်။
Lu Chenzhou နောက်လှည့်ကြည့်သည့်အခါ ထိုနေရာ၌ Cheng Yang ရပ်နေသည်ကို တွေ့သဖြင့် ဆွံ့အသွားရလေသည်။
Cheng Yang သည်လည်း အလွန် စိတ်ညစ်နေပြီဖြစ်သည်။ အိုခေ!? သူဝင်လာသည်နှင့်အချိန်၌ ထိုနှစ်ယောက်က ပွေ့ဖက်နမ်းရှုံ့နေကြခြင်းဖြစ်၍ Cheng Yang စိတ်ထဲ၌ အမြင်အာရုံများ မူးနောက်ကွယ်ပျောက်သွားတော့မည်ဟုပင် ခံစားနေရသည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...