Unicode - ရာဇဝတ်မှုနှင့် မကောင်းမှု
Cheng Xi သတိပြန်ဝင်လာချိန်၌မူ လူသွားစင်္ကြန်တစ်လျှောက်၌ သူမတို့နှစ်ယောက်သာ ကျန်တော့ပြီး Lin Fan ကလည်း အချိန်အတန်ကြာကပင် ထွက်သွားပြီဖြစ်သည်။
သူမကိုယ်တိုင်လည်း အနည်းငယ်ကြောင်နေဆဲဖြစ်ကာ ယခင်နှစ်ကြိမ်နှင့်မတူသည့် Lu Chenzhou ၏ အနမ်းကြောင့် အနည်းငယ်ရင်ထိတ်သွားသည်။ ထိုသို့နမ်းနေစဉ်၌ သူက လျှာကစားသည့်နည်းကိုပါ ဘယ်ကမှန်းမသိ သင်ယူတတ်မြောက်သွားသည်။ သို့သော် ကျွမ်းကျင်မှုမရှိသည့်အတွက် ခွေးငယ်လေးတစ်ကောင်ကဲ့သို့ပင် သူမ နှုတ်ခမ်းကို လာလျက်လိုက်ခြင်းဖြစ်သည်။ ထိုအနမ်းက Cheng Xi ကို အခြားအရာများထက်ပင် ပို၍ လန့်ဖျပ်သွားစေတော့သည်။
Lu Chenzhou သူမကို တင်းကျပ်စွာပွေ့ဖက်ထားချိန်၌ သူ၏ကိုယ်အောက်ပိုင်းက ထောင်မတ်လာသည်ကိုပါ သူမ ခံစားမိသည်။
ဤသည်က...
Cheng Xi သူမ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်လိုက်သည်။ အနည်းဆုံးတော့ သူက ထိုအရာနှင့်ပတ်သက်၍ ဘာမှမလုပ်ပေ၊ သို့သော် သူမ ခန့်မှန်းမိသည်မှာ သူ မလုပ်ချင်၍မဟုတ်ဘဲ....... မည်သို့လုပ်ရမည်ကို မသိခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုသို့ သူမ ယူဆလိုက်ရသည့်အကြောင်းမှာ ယခုအချိန်၌ Lu Chenzhou က သူ၏အောက်ပိုင်းကို အထူးအဆန်းသဖွယ် ကြည့်နေကာ ထိုအရာကိုကိုင်လိုက်ရန် လက်ဆန့်လာခြင်းကြောင့် ဖြစ်သည်။
Cheng Xi ထိုအပြုအမူကို တွေ့သည့်အခါ မျက်မှောင်ကြုတ်သွားရပြီး သူ့လက်ကို အလျင်စလိုလှမ်းဆွဲရတော့သည်။ "သွားရအောင်။ ကျွန်မ လက်က ကျိုးတော့မယ့်နီးနီး ဖြစ်နေပြီ။"
Lu Chenzhou ကို ရုံးခန်းထဲသို့ သူမနှင့်အတူ ပြန်ဆွဲခေါ်လာရပြီး သူစိတ်ငြိမ်သွားကြောင်းကို တွေ့သည့်အခါမှသာ သူမလည်း နောက်တစ်ကြိမ် သက်ပြင်းချနိုင်တော့သည်။ စောစောက သူ၏အပြုအမူကို သူမ၏ လုပ်ဖော်ကိုင်ဖက်များကသာ တွေ့သွားကြပါက သူ့ကို လူရမ်းကားတစ်ယောက်သဖွယ် မှတ်ယူသွားကြပြီး ထိုးရိုက်ကာ အပြင်သို့ကန်ထုတ်ပစ်လိုက်ကြမည်ကို Cheng Xi စိတ်ပူမိ၍ဖြစ်သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...