Unicode
ကျန်သုံးယောက်လုံး လန့်ဖျပ်သွားကြပြီး Cheng Xi ၏အတန်းဖော်ဖြစ်သူသည် အံ့ဩနေမိရာမှ ပြန်သတိဝင်လာချိန်တွင် စိတ်ဆိုးသွားလေသည်။ သူသည် Cheng Xi နှင့် Su Feng တို့ကို အားတုံ့အားနာဖြင့် ကြည့်လာပြီး အံကြိတ်၍ သူ၏ဇနီးကို ပြစ်တင်စကားဆိုတော့သည်၊ "မင်းဘာဖြစ်နေတာလဲ။"
သို့သော် ထိုလုပ်ရပ်က ငိုနေသည့် သူ၏အမျိုးသမီးကို ပို၍ပင် အခြေအနေဆိုးသွားစေသည်။ ဆူပူသောင်းကျန်းခြင်းတို့မရှိသည့်တိုင် မိမိခုံတွင် ထိုင်နေသည့်ဇနီးဖြစ်သူ၏အသွင်က စိတ်ပျက်ဝမ်းနည်းနေပုံပေါ်ပြီး ခင်ပွန်းသည်ကို လုံးလုံးပင် တုံ့ပြန်မှုမပြုတော့ပေ။
အားလုံးက သူမစိတ်ပြေသွားအောင် ကြိုးစားကြသည့်တိုင် အခြေအနေက တိုးတက်လာခြင်းမရှိသဖြင့် Cheng Xi ၏အတန်းဖော်သည် အလွန်ပင် ဒေါသထွက်နေပြီဖြစ်သည်။ ဇနီးသည်ကို ဆွဲထူရင်းဖြင့်ပင် ပြောလာသည်က "ကြည့်ရတာ ဒီနေ့လည်စာက ဆက်စားလို့မဖြစ်တော့တဲ့ပုံပဲ၊ ဒီတော့ ကျွန်တော်တို့ အရင်ပြန်နှင့်ပါ့မယ်။ Cheng Xi ၊ ဒီကိစ္စကြောင့် ဆောရီးပဲကွာ။ နောက်တစ်ခါမှပဲ ပြန်တွေ့ကြတာပေါ့။"
ထိုသို့ပြောပြီးသည်နှင့် နှစ်ယောက်လုံး ပြန်ရန်လုပ်နေကြပြီဖြစ်သည်၊ သို့သော် ဇနီးဖြစ်သူ၏မျက်နှာပေါ်သို့ Cheng Xi တစ်ချက်လှမ်းကြည့်လိုက်သည့်အခါ စိတ်ထဲ၌ မတင်မကျဖြစ်သွားမိ၍ အတန်းဖော်ဖြစ်သူကို တားလိုက်သည်၊ "ခဏလေး။ နင့်အမျိုးသမီးကို ကြည့်ရတာ နေမကောင်းဖြစ်နေသလိုပဲ။ ငါတို့ကို အချိန်နည်းနည်းလောက်ပေးမလား။ ဒေါက်တာ Su နဲ့ သူကို နှစ်ယောက်တည်းသီးသန့် အရင်ပြောခိုင်းလိုက်ရအောင်။"
ဤသို့ဖြင့် ဇနီးသည်ကို ပြန်လွှတ်စေကာ Cheng Xi သူ့ကို အပြင်ဆွဲခေါ်သွားလိုက်သည်။
အပြင်၌မူ Cheng Xi ၏အတန်းဖော်သည် စိတ်မအေးနိုင်ဘဲ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်လျှောက်နေသည်။ "သူဘာဖြစ်နေတာလဲဆိုတာ ငါတကယ်မသိတော့ဘူး၊ အမြဲတမ်း ဒီလို ထထဖောက်နေတာ!"
Cheng Xi သူ့ကို ဘေးမှလှမ်းကြည့်ရင်း "သူက အမြဲဒီလိုပဲလား။"
ထိုအခါ သူမ အတန်းဖော်သည် Cheng Xi ကို မကျေမချမ်းကြည့်လာသည်။ "ဘယ်ဟုတ်မလဲ! အရင်ကတည်းက သူသာ ဒီလိုဆိုရင် ငါ သူ့ကို ယူမှာတောင်မဟုတ်ဘူး! ဒါပေမဲ့ ကိုယ်ဝန်ရှိပြီးနောက်ကျတော့ သူဘာဖြစ်သွားလဲ ငါမသိဘူး။ အမြဲငိုနေတော့တာ။ ဒီလိုအရမ်းငိုနေရင် ကလေးရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်လိမ့်မယ်လို့ ငါပြောရင်တောင် သူငိုတယ်! အချိန်အကြာကြီးထိုင်တာ သူ့အတွက်မကောင်းဘူးလို့ ပြောတော့လည်း သူငိုတာပဲ! ပြီးတော့ ညကြီးညတာ ကလေးက မအိပ်ဘဲနေပြီဆိုရင် ကလေးဆီက အော်ငိုသံ ထွက်မလာသေးခင် သူအရင်ငိုနေပြီဟ! ငါလုံးဝ ဆက်သည်းမခံနိုင်တော့ဘူး!"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...