Unicode
အစည်းအဝေးခန်းမတွင်း၌မူ Lu Chenzhou သည် ဖုန်းကို တစ်ချက်လှမ်းကြည့်ပြီးသည့်အခါ အစည်းအဝေး ဆက်လုပ်လိုက်သည်။ ခဏနားကြသည့် အချိန်၌မူ အနားတွင်ရှိသည့် ရှေ့နေမှ သိလိုဇောဖြင့်မေးလာသည်၊ "ဒါရိုက်တာ Lu ၊ ကျွန်တော်တို့ဧည့်သည်တွေရဲ့ အချက်အလက်တွေကို ဘယ်သူကများ စုံစမ်းဖို့ကြိုးစားနေတာလဲ။"
ရဲ၊ သို့မဟုတ် အချို့သော အစိုးရဌာနတို့မှ တရားမဝင်ဘဲ လုပ်ခြင်းဖြစ်မည်ဟု တွေးမိသည့်အတွက်ဖြစ်သည်၊ အကြောင်းမှာ Donglai ဟိုတယ်၏ အကြီးဆုံးသော အားသာချက်မှာ ယုံကြည်စိတ်ချရခြင်း နှင့် ဧည့်သည်များ၏ ကိုယ်ရေးကိုယ်တာကိစ္စကို လုံခြုံတင်းကျပ်စွာ ကာကွယ်ပေးထားနိုင်ခြင်း ဖြစ်နေသောကြောင့်ပင်။
Lu Chenzhou မှတ်တမ်းဖိုင်ကို ငုံ့ကြည့်ကာ "Cheng Xi "
"အော်။" ရှေ့နေဖြစ်သူ ခေါင်းညိတ်လိုက်ပြီးနောက်တွင် ရုတ်တရက်ဆိုသလို နားလည်သွားသည်မှာ—ဟင်၊ Cheng Xi ဆိုတာ Renyi ဆေးရုံက ဒေါက်တာ Cheng မဟုတ်ဘူးလား။
ထိုရှေ့နေသည် သူတို့နှစ်ယောက်အတွက် တစ်ဖက်ကမ်းခပ်မြောက်အောင် ထူးဆန်းအံ့ဩစရာကောင်းသည့် Relationship သဘောတူညီမှုစာချုပ် လုပ်ပေးခဲ့သူဖြစ်ကာ Lu Chenzhou ဆေးရုံတက်နေစဉ်အချိန်ကလည်း လူနာဆောင်သို့ မကြာခဏဆိုသလို လာခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် ရှင်းလင်းစွာနားလည်နေသည်မှာ ဘောစ့်ဖြစ်သူဘက်က တစ်ခွန်းမှထုတ်ပြောခြင်း မရှိလာသည့်တိုင် ဘောစ့်၏အဘိုးအဘွားတို့ကမူ သူမအား မြေးချွေးမအဖြစ် အချိန်အတော်ကြာ ကတည်းကပင် သတ်မှတ်ထားခဲ့ကြပြီ ဖြစ်သည်။
Lu Chenzhou ၏အဘွားဆိုလျှင် သူ့ကိုခေါ်၍ပင် မကြာခဏပြောလေ့ရှိသည်က "Zhou လေးကိုကြည့်ရတာ သူ့ကောင်မလေးကို ပိုးပန်းတဲ့နေရာမှာ သိပ်အဆင်မပြေဘူးထင်တယ်။ ဒါကြောင့် မင်းသာအချိန်ပေးနိုင်တယ်ဆိုရင် သူ့ကို နည်းနည်းလောက် ကူညီပြောပြပေးပါဦးကွယ်။" ဟူသတည်း။
ဘောစ့်ဖြစ်သူ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း သတိဖြင့်ပြောလိုက်သည်က "သူ့ကို ဒီတိုင်းကြီးပြောပြီး ငြင်းလိုက်တာက တကယ်ကြီးအဆင်ပြေပါ့မလား။"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...