Unicode - ဝမ်းနိုက်စတန်း (One Night Stand)
Cheng Xi အိပ်ရာမှ ထ လာသည့်အခါ သူမ မရင်းနှီးသည့် နေရာတစ်ခုတွင် ရောက်နေကြောင်းနှင့် အနားတွင်လည်း သူစိမ်းယောက်ျားတစ်ယောက် အိပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူမှာ သူမ အား ကျောပေးကာ အိပ်နေခြင်းဖြစ်၍ သူ၏ ကျစ်လျစ်ချောမွေ့လှသည့် နောက်ကျောပြင်နှင့် သပ်သပ်ရပ်ရပ်ညှပ်ထားသည့် ဆံပင်တိုကိုသာ သူမ မြင်ရသည်။
ထို့ပြင် သူ့ကိုယ်ပေါ်တွင် ဘာဆိုမှ မဝတ်ထားသဖြင့် ကိုယ်လုံးတီးဖြစ်နေကာ - တိတိကျကျဆိုရလျှင် ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ဗလာကျင်းထားခြင်း ဖြစ်သည်။
Cheng Xi သူမ ကိုယ်သူမ ပြန်ငုံကြည့်မိသွားသည်။
သေလိုက်တော့ !!!
သူမ ကိုယ်တိုင်လည်း ဘာမှ မဝတ်ထားသလောက်နီးပါးပင် ဖြစ်နေသည်။ အကာအကွယ်ဟူ၍ ကိုယ်ပေါ်တွင် ရှပ်အင်္ကျီခပ်ပါးပါး တစ်ထည်ရှိနေကာ အောက်ပိုင်းတွင်မူ အတွင်းခံဘောင်းဘီဖြင့်သာ ဖုံးထားသည်။ ကျန်အဝတ်အစားများမှာ အခန်းတစ်ခုလုံးတွင် ပြန့်ကျဲနေလေတော့သည်။
သူမ ဝတ်လာခဲ့သည့် ဂျင်းဘောင်းဘီမှာ ပြတင်းပေါက်နားမှ ဂျပန်လုပ်သင်ဖြူးဖျာပေါ်တွင် ဖြစ်ကတတ်ဆန်း ပုံလျက်သားရှိနေသည်ကို တွေ့လိုက်ရသဖြင့် မနေ့ညက မည်ရွေ့မည်မျှ တိုက်ပွဲပြင်းထန်ခဲ့ပုံ၊ သို့မဟုတ် သူမ ကိုယ်ပေါ်မှအဝတ်ကို ဆွဲချွတ်လိုက်သူ၏ ရမက်ဇောပြင်းထန်နေပုံတို့ကို ကွက်ကွက်ကွင်းကွင်း ပြသနေသည်။
ခန်းဆီးလိုက်ကာကို အပြည့်ချထားခြင်း မဟုတ်သဖြင့် ခပ်ဟဟကလေးဖြစ်နေသည့် နေရာအကြားမှ မနက်ခင်းရောင်ခြည်နုနုတို့က အခန်းထဲသို့ ဖြာကျလာသည်။
လှဲနေရာမှ သူမ ထ,ထိုင်လိုက်ကာ အနည်းငယ်ဖူးရောင်နေသည့် နဖူးပြင်ကို ပွတ်နေမိသည်။ ချက်ချင်းဆိုသလို သူမ လှုပ်ရှားမှုကြောင့် ထိုလူလည်း နိုးသွားသည်။ ကျောပေးထားသည့် အနေအထားမှ သူမ ဘက်သို့လှည့်လာသည့်အခါ မျက်နှာကျကောင်းကောင်း၊ ချောမောတည်ကြည်လှသည့် ရုပ်ရည်နှင့်အတူ အေးစက်စိမ်းကားသည့် အကြည့်စူးစူးတစ်ချက်ပါ တွဲပါလာသည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...