Unicode - ကြောက်လန့်စရာကောင်းသော
Cheng Xi စိတ်ရှည်ရှည်ဖြင့် ဆက်နားထောင်နေသည်မှာ Lin Fan မိခင်၏ သက်ပြင်းချသံသဲ့သဲ့ကို ကြားမိသည့်အထိဖြစ်သည်။ "Cheng Xi ၊ မင်းဘာလို့ ဒီလောက်ထိ ခက်ခဲရှုပ်ထွေးအောင် လုပ်နေရတာလဲ။"
"ကျွန်မ Mrs. Lin နဲ့ သိတာ နှစ်တွေကြာနေပါပြီ။ ဒီတောင်းဆိုချက် သေးသေးလေးကိုတောင် မလိုက်လျောပေးနိုင်ဘူးလား။"
Lin Fan မိခင်ဘက်မှ တိတ်ဆိတ်သွားပြန်ကာ အချိန်ခဏခန့်ကြာအောင် စဉ်းစားယူပြီးနောက်တွင် ပြောလာသည်က "ကောင်းပြီလေ။ ငါမင်းကို လိပ်စာပို့လိုက်မယ်။ ဒီနေ့ နေ့လည် ငါအချိန်ရတယ်ဆိုတော့ မင်းလာတွေ့လိုက်ပေါ့။"
မကြာမီမှာပင် Lin Fan မိခင်က လိပ်စာတစ်ခုကို မက်ဆေချ့်ပို့လာသည်။ Cheng Xi ကြည့်လိုက်သည့်အခါ ထိုနေရာသည် သူမတို့မြို့၏ အကောင်းဆုံးသော အိမ်ရာမြေ ခြံဝင်းအတွင်း၌ဖြစ်ပြီး ဆေးရုံနှင့်လည်း သိပ်မဝေးပေ။
ရုတ်တရက်ဆိုသလို သူနာပြုဆရာမကြီးက တံခါးခေါက်လာသည်။ "ထမင်းစားမယ့် အချိန်ရောက်ပြီ။" Chen Jiaman ၏ဆေးရုံအပြောင်းအရွှေ့ကိစ္စကို သိနေသည်ဖြစ်၍ Cheng Xi ကို ကြည့်နေသည့် သူ၏မျက်ဝန်းအကြည့်များထဲတွင် စာနာဂရုဏာသက်မှုတို့ဖြင့် ပြည့်နေလေသည်။
Cheng Xi မတ်တတ်ထလိုက်ကာ "အိုခေ။ သွားရအောင်။"
ဆေးရုံကော်ရစ်တာတွင် နှစ်ယောက်သား ဖြတ်လျှောက်ကြရင်း ဆရာမကြီးက Cheng Xi ကို နှစ်သိမ့်အားပေးလေသည်။ "တကယ်တော့ သူအခုလို ဆေးရုံပြောင်းလိုက်တာကလည်း ကောင်းတယ်မဟုတ်လား။ မင်း သူ့အတွက် စိတ်ပူနေစရာ မလိုတော့ဘူးလေ။ Chen Jiaman က ဘယ်လောက်ထိ ဒုက္ခများတယ်ဆိုတာ ငါတို့အားလုံး သိနေကြတာပဲ၊ ဒီတော့ ဒီအပြောင်းအလွှဲကိစ္စဖြစ်သွားတာကို မင်းဝမ်းသာသင့်တယ်။"
Cheng Xi က ခနဲ့တဲ့တဲ့ ပြုံးပြလာသည့်အခါ ဆရာမကြီးက သူမမျက်လုံးများကို အုပ်ကာလိုက်လေသည်။ "ဟုတ်ပါပြီ၊ ဟုတ်ပါပြီနော်။ မင်းကိုယ်မင်း ဒီလိုကြီး အတင်းဖိအားပေးထားရတဲ့ ပုံစံနဲ့ပြုံးစရာ မလိုပါဘူး။" ဟုပြောရင်းနှင့် Cheng Xi ကျောပြင်ကိုသပ်ရင်း ပြောလာသည်က "မင်း နေမကောင်းဘူးဆိုရင် မွန်းကြပ်နေတာတွေ သက်သာသွားအောင် ငါမင်းကို နှိပ်ပေးမယ်လေ။"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...