Unicode - မပြီးဆုံးနိုင်သော အခက်အခဲများ
အိမ်ခန်းထဲ၌ အချိန်ကုန်နှေးလွန်းသည်ဟု ထင်နေရသည်။ ဧည့်ခန်းတံခါးကို လုံးလုံးပိတ်ထားခြင်းမဟုတ်သဖြင့် အပြင်ဘက်၌ပြောနေသည်များထဲမှ ကြိုကြားကြိုကြား စကားများကိုလည်း ကြားရသည်။ ထိုအသံများက Lu Chenzhou ကို စိတ်အနှောင့်အယှက်ဖြစ်အောင်၊ ဒေါသထွက်အောင် လုပ်မိမည်ကိုပင် သူမ အလွန်စိတ်ပူနေလေသည်။
ကံကောင်းစွာဖြင့် သူမ၏ကြိုးစားအားထုတ်မှုတို့က အောင်မြင်သွားပြီး Lu Chenzhou ပြောလာသည်က "သွားမယ်။"
သူ၏လေသံမှာ အေးတိအေးစက် ဖြစ်နေသော်လည်း ထိုစကားသံကပင် သူမထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ပျောက်ကွယ်သွားစေသည်ဟု Cheng Xi ခံစားမိသည်။ သူမ မတ်တတ်ထကာ သူ့ကိုဆွဲထူရန် လက်တစ်ဖက်ကမ်းပေးလိုက်သည်။ သို့သော် Lu Chenzhou က သူမကို လှမ်းကြည့်ပြီးနောက် Cheng Xi လက်ပေါ်သို့ တွဲမှီလာလေသည်။
သူ့အပြုအမူကြောင့် Cheng Xi မအောင့်နိုင်တော့ဘဲ ထ,ရယ်မိတော့သည်။ ဤသည်ကို Lu Chenzhou သတိပြုမိသည့်အခါ မေးလာသည်က "မင်း ဘာကိုရယ်နေတာလဲ။"
အင်း။ သူ့ကို ကြည့်လိုက်လျှင် Lu Chenzhou တစ်ယောက် ဒေါသထွက်ပေါက်ကွဲခြင်းတို့ မလုပ်မခြင်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားနှင့် အမှန်ပင်တူနေသည်။ ထို့ကြောင့် Cheng Xi ပြန်ဖြေသည်က "တကယ်လို့သာ ကျွန်မရဲ့ခါးအမြင့်က ဒီထက်ပိုပြီးနိမ့်နေမယ်ဆိုရင် ကျွန်မအဖြစ်က ဘုရင်မင်းမြတ်ကြီးကို ကြွချီဖို့ အကူအညီပေးရတဲ့ နန်းတွင်းခေတ်က ကုန်းကုန်းနဲ့တူတယ်လို့ ခံစားနေလို့လေ။" ထိုသို့ပြောပြီးနောက်၌ သူမက "ဘုရင်မင်းမြတ်ကြီး ကြွချီတော်မူလိုပါသလားဆိုပြီး ကျွန်မ မေးရဦးမလား။" ဟူ၍ပင် ဆိုလာသေးသည်။
Lu Chenzhou က သူမကို အထက်စီးဆန်ဆန် လှမ်းကြည့်ကာ တော်ဝင်ဆန်လှသည့် အသုံးအနှုန်းဖြင့် ပြောလာသည်။ "ကြွချီမယ်။"
သူ့က ခါးမတ်မတ်ဆန့်လျက် အနေအထားဖြင့် မတ်တတ်ထလိုက်သည်။ စစချင်း၌မူ Lu Chenzhou က မင်းစိုးရာဇာတစ်ပါးကဲ့သို့ ဟိတ်ဟန်အမူအရာအပြည့်ဖြင့် လုပ်လိုခဲ့သော်လည်း သူ ထရပ်လိုက်သည့်အခါ ဟန်မဆောင် နိုင်တော့လောက်အောင်ပင် နဖူးပြင်တစ်ခုလုံး ရှုံ့မဲ့သွားရသည်။ ထို့ကြောင့် Cheng Xi ခန့်မှန်းလိုက်သည်က ပိုးဝင်ထားသည့်အနာများနှင့် သူ့အဝတ်အစားတို့ ထိမိခြင်းကြောင့် အနေရခက်သွားခြင်းဖြစ်မည် ဟူ၍ပင်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...