Unicode - ရေခဲပြင်ကိုထိုးဖောက်ခြင်း
အကယ်၍ Cheng Xi သာ ဘာဆက်ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့မည်ဆိုပါက ထိုပုံများဖြင့် Chen Jiaman ၏ဖခင်ထံမှ တုံ့ပြန်မှုတစ်ခု တစ်ခုဖြစ်ပေါ်လာအောင် လုပ်ခဲ့မည်မဟုတ်ပေ။ သို့မဟုတ် အနည်းဆုံးတော့ သူမအနေဖြင့် ပို၍ညင်သာသည့် နည်းလမ်းကိုသုံးကာ အတိတ်ကို ဖြည်းဖြည်းချင်းတူးဆွရန်အတွက် ချဥ်းကပ်ကြိုးစားခဲ့မည်ဖြစ်သည်။
သူနာပြုဆရာမလေး မှတ်ချက်ပြုခဲ့သည့်အတိုင်းပင် Chen Jiaman က ပုံဆွဲရာ၌ အလွန်ပါရမီရှိကာ ထိုပုံများတွင် ခံစားချက် အပြည့်ပင်ဖြစ်သည်။ သူရေးဆွဲထားသည့် ပုံတစ်ခုကို Cheng Xi မြင်ခဲ့ဖူးခြင်းဖြစ်ပြီး ထိုပုံလေးကပင် သူမနှလုံးသားကို ဆားငန်ရေထဲတွင် စိမ်ထားသည့်နှယ် ခံစားသွားရစေသည်။
အမှောင်ထုထဲ၌ သူရေးဆွဲထားသည့်ပုံများက ဝမ်းနည်း စိတ်အားငယ်ဖွယ်ရာ ခံစားချက်များနှင့် ပြည့်နှက်နေသည်။ ထိုပုံ၏အဓိက ကိုယ်ထည်ကောက်ကြောင်းမှာ မညီမညာနှင့် ရှုပ်ယှက်ခက်စွာ ရေးဆွဲထားသည့် မျဥ်းကြောင်းများဖြစ်သည်။ သို့သော် ထိုသို့လျှောက်ခြစ်ထားသည့်အထဲတွင် ဒေါသအမုန်းတရား၊ စိတ်ပျက်ခြင်းနှင့် ကူကယ်ရာမဲ့နေသည့်ခံစားမှု စသည့်အရိပ်မြွက်တို့ကို အမြဲတွေ့မြင်နိုင်သည်။
သူရေးဆွဲထားသည့် ပုံများကိုကြည့်၍ သူနာပြုများက ပြောကြသည်မှာ ထိုပုံများသည် သရဲတစ္ဆေများ၊ ဒေါသထွက်နေသည့်ဝိညာဥ်များနှင့် တူနေသည်။ သို့သော် ထိုသို့ အဓိပါယ်ကောက်ယူထားခြင်းက လွဲမှားနေကြောင်းကို Cheng Xi သိသည်။
Chen Jiaman ရေးဆွဲထားသည့်ပုံများက ဤကမ္ဘာကြီးကို သူမြင်သည့်အတိုင်း ရေးဆွဲထားခြင်းဖြစ်သည်။ အကျည်းတန်ဖွယ်ရာ စိတ်ပျက်စရာကောင်းပြီး အကျင့်ပျက် ချစားမှုတို့ ပြည့်နှက်နေသည့် ကမ္ဘာကြီးပင်ဖြစ်သည်။ အကယ်၍ ထိုကမ္ဘာကြီးကို လမ်းနံဘေးမှပန်းကလေးတစ်ပွင့်နှင့် တင်စားလိုက်ပါက ခေါင်းတလားထဲမှ လောက်ကောင်လေးကပင် ပို၍ နှစ်သက်ဖွယ်ကောင်းနေမည်သာ။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...