Unicode - ငါမင်းကို ထပ်နမ်းချင်တယ်
Cheng Xi ရုံးခန်းသို့ပြန်လာပြီးနောက် ဖုန်းထုတ်ကြည့်လိုက်သည့်အခါ Lin Fan မက်ဆေ့ချ်ပို့ထားသည်ကို တွေ့သွားသည်။
“Congratulations"
ပို့ထားသည့်အချိန်ကို ကြည့်လိုက်သည့်အခါ မကြာသေးခင်ကမှ ဖြစ်သည်။ သူစာပို့သည့်အချိန်၌ Chen Jiaman အခန်းတွင် သူမ ရှိနေခဲ့ခြင်းဖြစ်ရမည်။
အချိန်ခဏခန့် တွေးကြည့်ပြီးသည့်အခါ Chen Xi သူ့ကိုစာပြန်လိုက်သည်၊ "ဘာကို Congratulations လုပ်တာလဲ။"
ဤအကြိမ်၌မူ သူမ အချိန်အတန်ကြာအောင် စောင့်နေသည့်တိုင် ဘာပြန်စာမှ ရောက်မလာတော့ပေ။ ထိုသို့ သူမ စောင့်ဆိုင်းနေချိန်၌ Chen Jiaman ၏ အမှုကို တာဝန်ယူထားရသည့် ရဲအရာရှိက တိုက်ဆိုင်စွာပင် သူမကို ဖုန်းခေါ်လာသည်။ Chen Xi က သူမကိုယ်တိုင် စုံစမ်းရသမျှကို သူ့အားပြောပြပြီးသည့်အခါ ထိုစကားများကို ကြားလိုက်ရသည့် ရဲအရာရှိက အတော်လေး ရှော့ခ်ရသွားပုံပေါ်သည်။ " ကျွန်တော်တို့ ဒီကိစ္စကို မသိခဲ့ဘူး။ ခဏလောက်စောင့်ပေးပါ၊ ကျွန်တော် ခင်ဗျားဆီကို အခုချက်ချင်း လာမယ်။ "
ဤအမှုနှင့်ပတ်သက်၍ ရဲအရာရှိက အလေးထား ဆောင်ရွက်နေသည်ကို Cheng Xi တွေ့သည့်အခါ နောက်ဆုံး၌ အသက်ရူချောင်သွားပြီဟူ၍ သူမ ခံစားရတော့သည်။ အဆုံးသတ်ရလဒ်က သူမ မျှော်မှန်းထားသည့်အတိုင်း ဖြစ်ချင်မှ ဖြစ်လာနိုင်သည့်တိုင်အောင် ဤကိစ္စတွင် အမှန်တကယ် ပါဝင်ပတ်သက်နေသူများက ထိုက်တန်သည့် အဖိုးအခတစ်ခုကို အနည်းဆုံးတော့ ပေးဆပ်ရမည်ဟု သူမ ခိုင်မာစွာ ယုံကြည်မျှော်လင့်ထားသည်။
ဤသို့ဖြင့် ရဲအရာရှိ ရောက်လာသည့်အခါ Cheng Xi က ထိုနယ်မြို့ငယ်လေးတွင် သူမ တွေ့ကြုံခဲ့ရသမျှ အဖြစ်အပျက်အားလုံးကို အသေးစိတ်ပြောပြတော့သည်။ ထို့အပြင် Mr. Liu ထံမှ ရထားခဲ့သည့် ဗီဒီယိုဖိုင်ကိုလည်း ရဲအရာရှိထံ ပေးလိုက်သည်။
အတ္တကြီး၍ မိမိအကျိုးကိုသာ ရှေးရူသည့် Mr. Liu ၏ စိတ်ဓာတ်သဘောထားကို သူမ မနှစ်မြို့သည့်တိုင်အောင် အမည်မဖော်ဘဲ လျှို့ဝှက်ထားပေးပါ့မည်ဟူ၍ ကတိပေးထားခဲ့ခြင်းကြောင့် ဤဗီဒီယိုကို သူစိမ်းတစ်ယောက်၏ ဖုန်းနံပါတ်မှ ရရှိခြင်းဖြစ်သည် ဟူ၍သာ ပြောရတော့သည်။ ရိုးသားစွာ ပြောရလျှင် ဤဖုန်းနံပါတ်ပိုင်ရှင်သည် မည်သူမည်ဝါဖြစ်ကြောင်းကို ရဲများက စုံစမ်းနိုင်လိမ့်မည်လား ဆိုသည်ကိုမူ Cheng Xi လည်း တပ်အပ်မပြောတတ်ပေ။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...