အခန်း (၁၀၀)

565 83 1
                                    

Unicode - ငါမင်းကို ပိုးပန်းချင်တယ်

(‼️ဤအခန်းတွင် အသက်မပြည့်သေးသူများ ဖတ်ရှုရန်မသင့်တော်သည့် အပိုင်းများပါဝင်သည်။‼️)

ထိုနေရာ၌ မည်မျှအချိန်ကတည်းက Lu Chenzhou ရပ်နေသည်မသိ၊ Lin Fan ၏မေးခွန်းကို ကြားသွားပုံပေါ်သည်။ အကြောင်းမှာ ဤသို့မေးလာသည့်အတွက်ကြောင့်ပင်၊ "ဘာအကာအကွယ်လဲ။ 'သူ'ဆိုတာ ဘယ်သူ့ကိုပြောတာလဲ။"

Lin Fan ထိုမေးခွန်းများကို ကြားသည့်အခါ နောက်လှည့်သွားပြီး အနည်းငယ် လန့်သွားပုံပေါ်သည်။

ယခုအချိန်၌ Cheng Xi က ယောက်ျားနှစ်ယောက်ကြားတွင် ရပ်နေခြင်းဖြစ်ကာ သူမ၏ရင်တွင်းခံစားချက်များကို တည်ငြိမ်မှုရှိအောင် ခက်ခက်ခဲခဲကြိုးစားနေရလေသည်။ သူမ စကားပြောရန် ပြင်လိုက်သည်။

"......"

သို့သော် တစ်ခွန်းမှ မပြောရသေးခင်မှာပင် Lin Fan က ကြားဖြတ်ဝင်ပြောလာသည်။ "ငါတို့ပြောနေတဲ့ 'သူ'ဆိုတာ မင်းပဲ။ မင်းတို့နှစ်ယောက်က တကယ်ချစ်လို့ ပတ်သက်နေကြတာ မဟုတ်ဘဲ မင်းက သူ့ကို အကာအကွယ်တစ်ခုအဖြစ်နဲ့ အသုံးချနေရုံပါလို့ Cheng Xi ငါ့ကို တစ်ခါပြောဖူးတယ်။"

"......"

Lin Fan ၏အဖြေကြောင့် Lu Chenzhou ကိုကြည့်ရသည်မှာ အလွန်စိတ်ရှုပ်သွားပုံပေါ်သည်၊ သို့သော် သူ့မျက်ဝန်းအကြည့်တို့က Cheng Xi ထံမှ မရွေ့ဘဲရှိနေလေသည်။ "ငါက ဘာလို့ မင်းကို အကာအကွယ်တစ်ခုအဖြစ်နဲ့ အသုံးချရမှာလဲ။" သူ့လေသံက တည်ငြိမ်နေကာ ပုံမှန်အားဖြင့် အလိုက်အထိုက်သင့် ပြောရသောအချိန်မျိုးတွင်သာ သုံးလေ့ရှိပြီး သတိဖြင့်ဖြည်းဖြည်းချင်း ထိန်းပြောနေသံဖြစ်သည်။

ထို့ပြင် Lu Chenzhou က မေးခွန်းတစ်ခုပြီးတစ်ခု ဆက်တိုက်မေးလာသည်။ "ငါတို့ အတူအိပ်ခဲ့ကြပြီးသား မဟုတ်လား။ ငါမင်းကိုလည်း နမ်းပြီးပြီးပဲလေ။ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ထဲထဲဝင်ဝင် ပတ်သက်နေကြတာမျိုး မဟုတ်ဘူးလား။"

Cheng Xi မည်သို့ပြန်ဖြေရမည်ကိုပင် မစဉ်းစားတတ်တော့။

ထို့ကြောင့် ဘာကိုမှ နားမလည်သည့်ပုံစံလေးဖြင့် သက်မဲ့လူသားတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေလိုက်ရန်သာ တတ်နိုင်တော့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now