အခန်း (၁၂၆ - က)

313 30 1
                                    

Unicode - ဖီလ်းမလာဘူး။

Ceng Xing ဘက်မှ ထိုသို့ပြောလာလိမ့်မည်ဟု Cheng Xi လုံးဝမထင်ထားသဖြင့် ပြောရန်ပြင်ထားသည့် စကားလုံးများက လည်ချောင်းဝတွင် ဆို့နင့်သွားသည်။

Ceng Xing ကပင် ဆက်လက်၍ ချေပပြောလာသည်၊ "စိတ်ရောဂါကုဌာနရဲ့ ဆရာဝန်က သူ့လူနာနဲ့တွဲနေတာကို  လူတွေကြားသွားရင် ဘယ်လိုတွေးကြမလဲဆိုတာ မင်းသိလား။ ပြီးတော့ Lu မိသားစုရဲ့ကျော်ကြားတဲ့ ဂုဏ်သတင်းနဲ့ ဩဇာအာဏာရှိတဲ့အကြောင်းတွေပါ ထည့်ပေါင်းလိုက်ရင် ပိုတောင်ဆိုးသွားမယ်...... သူက နေမကောင်းဖြစ်နေတယ်၊ ဒါပေမဲ့ ဆရာဝန်ဖြစ်တဲ့မင်းက လူနာကို ရောဂါကောင်းကောင်းမကုဘဲ  သူနဲ့တောင် တွဲလိုက်သေးတယ်! မင်း၊ မင်း၊ မင်း...... ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားရမယ် ဆိုတာလေးတောင် မသိဘူးလား!"

သူ့စကားများကို Cheng Xi ပြန်မချေပနိုင်တော့ပေ။

Ceng Xing ဘက်မှ ဤသို့ပြောလာလိမ့်မည်ဟူ၍ သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူသည် သူမအပေါ် အမြဲပင် အမြင်စောင်းနေခဲ့ခြင်း မဟုတ်လား။ သူမအရှေ့တွင် အမြဲပင်ခြေထိုး၍ ကာဆီးကာဆီးလုပ်ကာ သူမကို ဌာနထဲမှထုတ်ပယ်ရန် ကြိုးစားနေခဲ့သည် မဟုတ်ပါလား။ သူ့ထံမှ စိတ်ရင်းဖြင့်ပြောပြလာသည့် အကြံပြုချက်ကို ရုတ်တရက်ကြားလိုက်ရသည့်အခါ အမှန်ပင် မယုံကြည်နိုင်အောင် ဖြစ်သွားမိသည်။

Cheng Xi အံ့အားသင့်သွားပြီး ဒေါသလည်းပြေသွားရကာ သူ့ကိုပင် စနောက်လိုက်လေသည်။ "ရှင်က ကျွန်မအတွက် စိတ်ပူပေးနေတာလား။ ...... ရှင်က ကျွန်မသိနေခဲ့တဲ့ စီနီယာ Ceng Xing ဟုတ်ပါတယ်နော်။"

သူမဘက်မှ သူစိမ်းဆန်ဆန် ပြုမူခြင်းမဟုတ်တော့သည့်တိုင် မည်သည့်အတွက်ကြောင့် Ceng Xing ရင်ထဲ၌ ပို၍ပင် တင်းကျပ်ဆို့နင့်သွားသည်ဟု ခံစားမိလိုက်ရသနည်း။

Cheng Xi သည် သူ့ဘက်မှ စိတ်ကောင်းစေတနာဖြင့် ပြောပြလာသည့် အကြံပြုချက်ကို လက်ခံသော်လည်း သူမနှင့် Lu Chenzhou တို့ကြားမှ ပတ်သက်ဆက်နွယ်မှုကိုမူ အသေးစိတ်ရှင်းပြလိုစိတ် မရှိပေ။ ထို့အစား ဝတ်ကျေတမ်းကျေ ပြန်ဖြေသည်က "အခုလို စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်မိပေမဲ့ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကျွန်မ သိပါတယ်။" ထို့နောက် အလွန်သိချင်နေဟန်ဖြင့် မေးလိုက်သည်က "ရှင် Lu Chenzhou ကို သိနေတာလား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now