အခန်း (၁၃၂ - က)

271 39 2
                                    

Unicode

ချက်ချင်းဆိုသလို သူမ အပြေးလေးပျံသွားနိုင်ရန်ပင် Cheng Xi ပြင်းပြင်းပြပြ ဆန္ဒပြုမိသည်။ ထို့နောက်တွင် Fu Mingyi သည် သူမအရှေ့တွင် မရှိသည့်အဖြစ်ကို ကျိန်ဆဲမိတော့သည်၊ အကယ်၍ သူသာ ဤနေရာတွင်ရှိနေပါက ပထမအနေဖြင့် သူ့မျက်နှာကို နှစ်ကြိမ်သုံးကြိမ်ခန့် ပြေးကန်ပစ်လိုက်မည် ဖြစ်သည်!

'သူ လူရောဟုတ်သေးလား။ ဘယ်လောက် ကြာပြီမို့လို့လဲ။ ဒီနေ့ပါထည့်တွက်ရင်တောင် Shen Wei ကိစ္စဖြစ်ခဲ့တာ နှစ်လမပြည့်သေးဘူး!'

Cheng Xi စိတ်တိုလွန်းသည့်အတွက် တစ်ကိုယ်လုံးတုန်ယင်နေပြီဖြစ်သည်၊ သို့သော် Shen Wei ကိုတွေ့သည့်အခါ သူကမူ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဣန္ဒြေမပျက်ရှိနေသည်ကို တွေ့ရသဖြင့် အလွန်လန့်သွားမိသည်။ Shen Wei သည် သူမကိုပင် ပြုံးပြရင်း ညည်းညူပြောလာသည်မှာ “Donglai ဟိုတယ်ရဲ့ လုံခြုံရေးက အရမ်းကောင်းလွန်းတယ်။ ငါဘယ်လိုပဲမေးမေး သူတို့ဘယ်အခန်းမှာ ရှိနေကြတာလဲဆိုတာ စုံစမ်းလို့မရဘူး။”

Cheng Xi သူ့ကို လှမ်းကြည့်လိုက်ပြီး Shen Wei သည် ဟန်ဆောင်လုပ်ယူထားခြင်းမဟုတ်ဘဲ အမှန်ပင် စိတ်တည်ငြိမ်နေခြင်းဖြစ်သည်ကို အတည်ပြုနိုင်ပြီးမှသာ သူမ သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်၍မေးလေသည်၊ “ဘာဖြစ်တာလဲ။”

နှစ်ယောက်သား Shen Wei ၏ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေကြခြင်းဖြစ်သည်။ Shen Wei ကို ကူညီရန်အတွက် မည်သည့်နည်းလမ်းက အကောင်းဆုံးဖြစ်လိမ့်မည်ကို သူမ မဆုံးဖြတ်ခင်တွင် ဖြစ်ပျက်သမျှအခြေအနေအားလုံးကို Cheng Xi သိမှဖြစ်မည်— ရိုးသားစွာဝန်ခံရလျှင် Lu Chenzhou ထံမှ အကူညီတောင်းရန်မှာ မသင့်တော်ပေ။ Donglai ဟိုတယ်၌ Fu Mingyi ဘာလုပ်လုပ် တရားဥပဒေနှင့် ညိစွန်းသည့်ကိစ္စမဟုတ်လျှင် ဟိုတယ်ဝန်ထမ်းတစ်ယောက်အနေဖြင့် customer ၏အချက်အလက်ကို ထုတ်ပြောခြင်းက တရားမဝင်သည့်လုပ်ရပ်ဖြစ်သည်။ 

သို့သော် ဥပဒေကြောင်းအရ မည်သို့ပင်ဖြစ်နေစေကာမူ၊ Fu Mingyi ၏အပြုအမူကို Cheng Xi အလွန်ဒေါသထွက်မိသည်။

Shen Wei သည် ဘာမှမပြောဘဲ သူ့ဖုန်းကို Cheng Xi ထံပေးလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် Donglai ဟိုတယ်၏မြေပုံရှိနေပြီး ထိုပေါ်၌မူ အစက်ကလေးနှစ်စက်ကို တွေ့ရသည် - တစ်ခုကို “လူယုတ်မာ” ဟုနာမည်တပ်ထား၍ ကျန်တစ်ခုတွင် “မိန်းမပျက်” ဟုရေးထားခြင်းပင်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Donde viven las historias. Descúbrelo ahora