Unicode - အခု၊ သူက ကျွန်မရဲ့ချစ်သူ။
ယခုအချိန်၌ Cheng Xi သူနှင့်မျက်နှာချင်းမဆိုင်လိုသဖြင့် ထမင်းစားစားပွဲကို ဖြည်းဖြည်းချင်း စတင်ရှင်းလင်းတော့သည်။ သူမ စိတ်အခြေအနေများ တည်ငြိမ်သွားပြီဟု ခံစားမိသည့်အခါမှသာ အပြင်ပြန်ထွက်လာတော့သည်။
Lu Chenzhou က စောင်ခြုံကွေးရင်း တရားဘာဝနာ အားထုတ်နေသည့် ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ပင် ထိုနေရာ၌ ထိုင်နေလေသည်။ ဧည့်ခန်းထဲသို့ Cheng Xi ပြန်ဝင်လာသံ ကြားသည့်အခါ မျက်လုံးဖွင့်၍ မေးလိုက်သည်မှာ "မင်းရဲ့ အိမ်နံပါတ်ဘယ်လောက်လဲ။"
စစချင်း၌မူ Cheng Xi က သူ့စကားများကို လျစ်လျူရှုရန်ဆုံးဖြတ်ထားသော်လည်း ထိုမေးခွန်းကိုကြားသည့်အခါ ရင်ထဲမှမကျေနပ်ချက်ကို မျိုသိပ်၍ ပြန်ဖြေလိုက်ရသည်။
Lu Chenzhou က သူ့ဖုန်းကိုကောက်ယူပြီး ဖုန်းခေါ်မှုတစ်ခုလုပ်လိုက်သည်။ မကြာမီမှာပင် လူခေါ်ခေါင်းလောင်းသံ ထပ်မြည်လာသည်။ Cheng Xi တံခါးဖွင့်လိုက်သည့်အခါ ထင်ထားသည့်အတိုင်းပင် Lu Chenzhou အတွက် အဝတ်အစားလာပို့သည့် လူတစ်ယောက်ဖြစ်နေသည်။ ထိုသူမှာ Chen Jiaman ၏မွေးရပ်မြေရှိရာသို့ ကားမောင်းပို့ပေးခဲ့သည့် Mr. Chen ဖြစ်သည်။
Mr. Chen က အမျိုးမျိုးအထွေထွေသော ပစ္စည်းများကို အစုလိုက်အပြုံလိုက် သယ်ထားကာ အိတ်ကြီးအိတ်ငယ် အတော်တော်များလည်းပါသည်။ Cheng Xi ကို တွေ့သည့်အခါ သူပြုံးပြရင်း အိတ်တစ်ခုကိုယူပြီးသည့်အခါ ကျန်အိတ်များအားလုံးကို သူမဆီပေးလာသည်။ "ဒါတွေက Mr. Lu ကြောင့် အဆင်မပြေဖြစ်ခဲ့ရတာတွေအတွက် Lu သခင်ကြီး နဲ့ သခင်မကြီး တို့က ပေးလိုက်တဲ့လက်ဆောင်တွေပါ။"
Cheng Xi ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
နောက်သို့ ခေါင်းလေးလှည့်ကာ ခါးမတ်မတ်ထိုင်နေဆဲဖြစ်သည့် Lu Chenzhou ကိုပြန်ကြည့်သည်။ သူက မထုံတက်သေးအမူအရာဖြင့် မပြောင်းလဲဘဲရှိနေကာ Cheng Xi ၏မေးခွန်းထုတ်လိုသည့် မျက်ဝန်းများကို မသိကျိုးကျွံပြုနေလေသည်။
Lu Chenzhou က ဘာမှဝင်ပြောရန် အစီအစဉ်ရှိပုံ မရသည့်အတွက် Cheng Xi အနေဖြင့် Mr. Chen ကို "ဒီပစ္စည်းတွေ ပြန်ယူသွားပေးပါနော်။ Lu သခင်ကြီးတို့ဇနီးမောင်နှံက ယဉ်ကျေးလွန်းနေပါပြီ။ ဒီလက်ဆောင်တွေကို ကျွန်မ လက်မခံနိုင်ပါဘူး။" ဟူ၍သာ ပြောနိုင်တော့သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...