Unicode - ပြိုင်ဘက်ကင်းစုံတွဲ
ယောက်ျားလေး အတန်းဖော်သူငယ်ချင်းတစ်ယောက်မှ သူမ အား ပထမဆုံးသတိပြုမိသွားပြီး အားပါးတရ လက်လှမ်းပြသည်။
"ဟာ... Cheng Xi ရောက်လာပြီကွ။"
ထို့နောက် သူ့ဘေးနားမှ နေရာလွတ်ကိုညွှန်ကာ
"ဒီမှာပဲ ငါတို့နဲ့ထိုင်လိုက်တော့။ နင့်အတွက် သီးသန့်နေရာ ဦးပေးထားတာ။"
ထိုစားပွဲဝိုင်းမှ အခြားသူများကလည်း သူမ အား လှည့်ကြည့်ကြသည်။ ပုံမှန်အချိန်များတွင် ဗရုတ်ကျကာ ပြောင်စပ်စပ်မျက်နှာနှင့် အစနောက်သန်သူများဖြစ်သော်လည်း ယခုပွဲ၌မူ အားလုံးက လူကြီးလူကောင်းဆန်သည့် အမူအရာနှင့်ဖြစ်ကာ သူမ အား ယဉ်ကျေးရည်မွန်သည့်အပြုံးတို့ဖြင့် ကြိုဆိုနေတော့သည်။
"နင်ရောက်လာပြီပဲ၊ Cheng Xi မဟုတ်လား။"
ထိုအချိန်၌ Rou မှ သူမ အား 'တရှုးရှုး' အသံပေးကာ လှမ်းခေါ်တော့သည်။
"ဒီမှာပဲ လာထိုင်ပါဟယ်။ အဲ့အကောင်တွေရဲ့ အသိုက်မြုံထဲကိုတော့ မသွားပါနဲ့။"
ဟုဆိုပြီး သူမ ရှိနေသည့်စားပွဲဝိုင်းမှလူများအား စကားတစ်ချို့ပြောပြီးသည့်အခါ သူ့နံဘေး၌ Chen Xi ထိုင်ရန်အတွက် နေရာလွတ်တစ်ခု ရသွားတော့သည်။ ထိုနေရာ၌ ထိုင်လိုက်သည်နှင့်ချက်ချင်း နူးညံ့ကြင်နာမှုများ လွှမ်းနေသည့် စကားသံထွက်လာသည်။
"မတွေ့တာတောင် ကြာပြီနော်၊ Cheng Xi."
Cheng Xi ရင်ခုန်သံက ရိုက်ချက်ပြင်းသွားသည်။ အသက်တစ်ချက် ဆတ်ခနဲရှုလိုက်ပြီးနောက် သူ့အားကြည့်ကာ
"အင်း... ဟုတ်တယ်၊ မတွေ့ဖြစ်တာ ကြာပြီ။"
"နင် ငါ့ကို မှတ်မိသေးလား။"
"သိပ်မှတ်မိတာပေါ့။"
"Lin Fan ပြောနေတဲ့ပုံကလည်း မသိရင် Cheng Xi က မှတ်ဉာဏ်မကောင်းတာ ကျနေတာပဲ။ အတန်းထဲမှာဆိုရင် Cheng Xi က ထိပ်ဆုံးအဆင့်မှာ အမြဲရှိနေတာ၊ ပြီးတော့ ပထဝီနဲ့ သမိုင်းဆိုရင် ဒီတိုင်းကြည့်ရုံလေးနဲ့ကို အမှတ်ပြည့်ရနေတာ!"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...