Unicode - ငါ့ကို မပြုံးပြနဲ့
မည်သို့ပင်ဖြစ်နေပါစေ Lu Chenzhou ကို မြှောက်ပင့်ပြောလိုက်သည်က အလုပ်ဖြစ်သွားပုံပေါ်သည်။ အနည်းဆုံးတော့ ယခင်ကထက် သူမကို အာရုံပိုစိုက်လာပြီဖြစ်သည်။ ထို့ပြင် ကျောင်းရှေ့သို့ရောက်သည့်အခါ Lu Chenzhou က သူ၏ကွန်ပျူတာကိုပိတ်လိုက်ပြီး Cheng Xi နှင့်အတူ ကားပေါ်မှဆင်းလာသည်။
သို့သော် အဝေးသို့ ဆက်မလျှောက်ပေ။ ကျောင်းစောင့်ဖြစ်သူနှင့် Cheng Xi စကားပြောနေစဉ်တွင် သူက ကားတံခါးကိုကျောမှီကာ စီးကရက်တစ်လိပ်ထုတ်လိုက်ပြီး မီးညှိဖွာတော့သည်။
ကျောင်းစောင့်တာဝန်ယူထားသူမှာ အသက်လေးဆယ်ကျော်အရွယ်၊ သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ Cheng Xi က သူမ မည်သူမည်ဝါဖြစ်ကြောင်း မိတ်ဆက်ကာ Chen Jiaman ၏ ယခင်အတန်းပိုင်ဆရာနှင့် တွေ့လိုကြောင်း ပြောပြလိုက်သည်။
"အဲ့ဒီဆရာမက တခြားကျောင်း ပို့ခံလိုက်ရတယ်၊ တော်တော်တောင် ကြာနေပြီ။"
"ကျောင်းပြောင်းပို့တယ်?" Cheng Xi လုံးဝအံ့ဩသွားသည်။ "ဒါဆို သူ့ရဲ့ တခြားဆရာမတွေရော။"
"သူက ဒီမှာ စာသင်နှစ်တစ်ဝက်လောက်ပဲ ကျောင်းတက်ခဲ့တာဆိုတော့ ကျန်တဲ့ဆရာမတွေက သူ့ကို မသိကြဘူး။"
"အဲ့ဒါက ကိစ္စမရှိပါဘူး။ ကျွန်မ မေးခွန်းတစ်ခု၊ နှစ်ခုလောက်ပဲ မေးချင်တာပါ။"
ဤသည်ကို ကျောင်းစောင့်ဦးလေးက မကြည်ဖြူဟန်ရှိနေသည့်တိုင် နောက်ဆုံး၌ ကျောင်းထဲသို့ဖုန်းဆက်ပေးလိုက်သည်။ မကြာခင်မှာပင် Mr. Liu ဟုခေါ်သည့် အသက်ငယ်ငယ် ဆရာတစ်ယောက် အပြင်သို့ခပ်သုတ်သုတ် လျှောက်လာသည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မ က Chen Jiaman ဘက်က ခုခံချေပပေးရမယ့် ရှေ့နေ Chen ပါ။"
"ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ်။" Mr. Liu က ထိုသို့ပြောပြီးနောက် သူမကို ထူးဆန်းအံ့ဩစွာကြည့်လာသည်။ "Chen Jiaman က စိတ်ရောဂါသည် မဟုတ်ဘူးလား။ ဘာလို့ သူ့ဘက်က ခုခံချေပပေးမယ့် ရှေ့နေရှိရတာလဲ။"
"......"
ဆရာများက မြို့ငယ်လေးမှ အဒေါ်ကြီးများထက်ပင် ပို၍သိနေသည့် အချက်ကိုထည့်တွက်ရန် သူမ မေ့သွားသည်၊ ထို့ကြောင့် အနေရခက်စွာ ပြုံးပြလိုက်ရသည်။ "သူ့ကို ဆေးစစ်တာတွေ အကုန်မလုပ်ရသေးတော့ အခုချိန်မှာ ဒီလိုသတ်မှတ်ဖို့ စောပါသေးတယ်၊ ဒါကြောင့် သူ့ရဲ့အခြေအနေမှန်ကို နားလည်အောင်လုပ်ဖို့ လိုနေတာပါ၊"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...