Unicode - ရှင်သူ့ကို လန့်အောင်လုပ်လိုက်ပြီ
ထိုအခိုက်အတန့်၌ Cheng Xi ဘာပြောရမှန်းမသိတော့။ မည်သို့ပြန်ဖြေရမည်ကို တွေဝေနေစဉ်တွင် Lu Chenzhou က သူမလက်ကို ပို၍တင်းတင်းလေး ဆုပ်ကိုင်လာပြီး သူ့ရင်ဘတ်ပေါ်တွင် အားထည့်ဖိကပ်ထားလိုက်ကာ နောက်တစ်ကြိမ်ထပ်ပြောလာသည်က "ငါ့ရင်ခုန်ခုန်သံ မြန်နေလား။"
သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း အလေးအနက်ထား ပြောနေခြင်းဖြစ်ပြီး ထိုအမူအရာဟန်ပန်မှ သီးသန့်ကွဲထွက်နေသည့် နူးညံ့ကြင်နာရိပ်တို့ကိုလည်း Cheng Xi ခံစားမိလာသည့်အပြင် သူ၏ အေးတိအေးစက်နိုင်လှသည့် လေသံကပင် ခါတိုင်းထက် နွေးထွေးနေပုံပေါ်သည်။
သို့သော် လက်တွေ့တွင်မူ သူ၏နှလုံးခုန်နှုန်းတို့က မြန်ဆန်လာခြင်းမရှိပေ။ ဆေးရုံ၏ ခပ်ပါးပါး လူနာဝတ်စုံကို ဝတ်ထားသည့် အတွက်ကြောင့်သာ သူ၏ရင်ခုန်သံ စည်းချက်တိုင်းကို Cheng Xi သိသိသာသာ ခံစားရမိနေခြင်း ဖြစ်သည်။ ဆေးတက္ကသိုလ် ကျောင်းသူဘဝက ငြီးငွေ့စရာကောင်းသည့် အချိန်တစ်ခုကြုံခဲ့ရသဖြင့် တရုတ်တိုင်းရင်းရိုးရာ ဆေးပညာကိုလေ့လာကာ လူတို့၏သွေးခုန်နှုန်း စမ်းသပ်နည်းသင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ထို့ကြောင့် ထိုဘာသာရပ်အတွက် တစ်နှစ်တိတိ အတန်းများတက်၍ လေ့ကျင့်သင်ယူခဲ့သည်။ သွေးခုန်နှုန်းစမ်းရာတွင် မည်သို့ရှာဖွေရမည်ဖြစ်ကြောင်းကို ပိုမိုကျွမ်းကျင်စွာ တတ်မြောက်သွားခြင်း မရှိသည့်တိုင်အောင် မတူညီသည့် အခြေအနေမျိုး၌ ပြောင်းလဲသွားတတ်သည့် လူတို့၏နှလုံးခုန်သံ အမျိုးမျိုးကို သိသိသာသာပင် နားလည်ခွဲခြား တတ်သွားလေသည်။
ယခုအချိန်၌ Lu Chenzhou ၏နှလုံးခုန်သံက ခါတိုင်းထက် မြန်ဆန်လာခြင်းမျိုးမရှိ။ ထို့ပြင် အနည်းငယ် နှေးသည့်အရှိန်နှုန်းဖြင့် ခုန်နေခြင်းဖြစ်သည်။ အခြားသူများနှင့်မတူသည့် သူ၏ခန္ဓာကိုယ် အခြေအနေအရ Lu Chenzhou က မည်သည့်အရာကိုမှ ခံစားခြင်းမရှိကြောင်းကို သူမ သိနေသည်။
သူ၏စိတ်လှုပ်ရှားမှုတို့က လိမ်ညာဟန်ဆောင်ထားသည်နှင့်ပင် နီးစပ်နေကာ သူ့ကိုယ်သူပင် လှည့်စား၍ ရနိုင်လောက်သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...