အခန်း (၁၀၄)

519 70 1
                                    

Unicode - ငါ သူ့ကိုသေစေချင်တယ်!

သူမအား လှမ်းဆွဲထားသည့်လက်ကို Cheng Xi ကြည့်ကာ ထို့နောက် Lu Chenzhou ကို ပြန်ကြည့်လိုက်သည်။

သူ့ကြည့်ရသည်မှာ အလေးအနက်ထား၍ ပြောနေခြင်းဖြစ်ပြီး မျက်နှာလေးက အလိုမကျဟန်ဖြင့် မရွှင်မပျဖြစ်နေသည်မှာ သိသာသည်-ဒိတ်လုပ်နေချိန်၌ အနှောင့်အယှက် ဝင်လာသည့်အပေါ်တွင် Lu Chenzhou အတော်လေး စိတ်ကသိကအောင့် ဖြစ်သွားသည်။

ရုတ်တရက်ဆိုသလို Cheng Xi ရယ်ချင်စိတ်ပေါ်လာသည်၊ သို့သော်လည်း စိတ်ထိန်း၍ "Shen Wei က ပြဿနာကြီးကြီးမားမား လုပ်ချင်လုပ်နေမှာ။" ထိုအဖြစ်အပျက်ကြောင့် သူ့အား လန့်ဖျပ်အောင် လုပ်သွားမိမည်ကို သူမ စိုးရိမ်သည်။

Lu Chenzhou ကလည်း အလျှော့မပေးဘဲ ထပ်ပြောလာသည်။ "စိတ်မပူနဲ့။ သူစိတ်ဖောက်သွားရင်တောင် ငါမလန့်ဘူး။"

Chen Jiaman ၏ ရောဂါဟောင်းပြန်ထလာသည့် အဖြစ်အပျက်က သူ့အား မည်မျှအထိ ဆိုးဆိုးရွားရွား သက်ရောက်မှုဖြစ်ပေါ်ခဲ့သည်ကို Lu Chenzhou လုံးလုံးလျားလျား မေ့လျော့သွားပုံပေါ်သည်။

ပထမအနေဖြင့် Shen Wei က အမှန်တကယ် စိတ်ဖောက်ပြန်သွားနိုင်စရာ မရှိပေ။ သူမ၏ပင်ကိုယ်သဘောထားက အတော်လေး စိတ်ဓာတ်ကြံ့ခိုင်သည့်အပြင် အကယ်၍ Fu Mingyi က အမှန်ပင်ဖောက်ပြန်မှု ပြုခဲ့သည့်တိုင်အောင် အလွန်အကျွံ လှုံ့ဆော်မှုခံလိုက်ရသည့်အတွက်ကြောင့်သာ Shen Xi က ယခုကဲ့သို့ လွန်လွန်ကဲကဲ ပြုမူနေပုံပေါ်သည်-သူ့အား "စိတ်ဖောက်ပြန်သူ" ဟူ၍ ခေါ်ဝေါ်မှုပြုခြင်းက ချဲ့ကားပြောနေခြင်းသာ ဖြစ်နိုင်ပါသည်။

သို့သော် Lu Chenzhou ကို သူမနောက်သို့ အမှန်တကယ် မလိုက်လာစေလိုပေ။ Shen Wei အနေဖြင့်လည်း ဤကဲ့သို့ အရုပ်ဆိုး အကျည်းတန်နေသည့် ပုံစံကို ယခင်က သူသဘောကျထားခဲ့ဖူးသူအား မြင်တွေ့ခွင့်ပြုလိုက်ရန် သူ၏မာနက လက်ခံနိုင်လိမ့်မည် မဟုတ်။

အခြားတစ်ဖက်၌မူ Mr. Lu ကလည်း သူတို့၏ဒိတ်ကို ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရုတ်တရက်အဆုံးသတ်လိုက်ရသည်ကို လက်သင့်ခံနိုင်မည့်ပုံ မပေါ်... Cheng Xi ခဏခန့်တွေးကြည့်ပြီးနောက်တွင် ပြောလာသည်က "ကျွန်မကို အိမ်ပဲပြန်ပို့ပေးလေနော်၊ ပို့ပေးမှာလား။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now