Unicode - မင်းက ဘောစ့် Lu ကို ပိုးပန်းနေရတဲ့သူ မဟုတ်ဘူးလား။
သူမ Lin Fan နှင့်မတွေ့ဖြစ်သည်မှာ သိပ်မကြာသေးသော်လည်း သူ့ကြည်ရသည်မှာ အတော်လေးပိန်ချုံးကျသွားပုံပေါ်သည်၊ ယခုသူ၏မျက်နှာက ညိုးရော်နွမ်းဖပ်နေပြီး အလွန်မောပန်းနေသည့် အငွေ့အသက်တို့ကို သူ့ထံမှ ရနေသည်။
အသက်အရွယ်နှင့် မလိုက်အောင်ပင် စကားနည်းလွန်းပြီး စိတ်ပျက်အားငယ်မှုတို့ လွှမ်းမိုးခံထားရသည့် သနားစရာ အထက်တန်းကျောင်းသားငယ်ကို ပြန်တွေ့လိုက်သကဲ့သို့ပင် ခံစားမိလာရသည်။
Lin Fan သူမကို အတန်ကြာအောင် ကြည့်ပြီးနောက်တွင် မိခင်ဖြစ်သူထံ မျက်နှာလှည့်သွားပြီး အက်ကွဲနေသည့်လေသံဖြင့် ပြောလိုက်သည်က "အမေ၊ ကျွန်တော် ကတိပေးတယ်၊ ဘာမဆိုကတိပေးပါတယ်။ Jiaman ကို အပြောင်းအရွှေ့လုပ်မဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာပဲ ရပ်လိုက်လို့မရဘူးလား။"
Lin Fan မိခင်က Cheng Xi ကို တစ်ချက်လှမ်းကြည့်ပြီးမှ ပြောလာသည်က "မင်း ကတိပေးလား။"
သူမေးနေဟန်က Cheng Xi ကို ရွယ်ရည်၍ ပြောနေသည်နှင့်ပင် တူသည်။
Lin Fan ခေါင်းငုံ့ချသွားပြီး "ကတိပေးတယ်။"
ဤသို့ဖြင့် Lin Fan မိခင်ပြန်သွားသည်၊ ထို့ပြင် Lin Fan ကိုပါ သူနှင့်အတူ တစ်ပါတည်း ဆွဲခေါ်ထုတ်သွားခြင်းဖြစ်ပြီး Cheng Xi ကို နောက်ဆုံးအကြိမ်ဖြစ် သတိပေးကြိမ်းမောင်း သွားလေသည်။ "သူ့ရောဂါအခြေအနေ မတိုးတက်လာရင် ငါသူ့ကို ဆေးရုံပြောင်းပစ်မှာပဲ။"
သေချာပေါက်၊ ထိုသို့သတိပေးခြင်းက ဆင်ခြေတစ်ခုသာဖြစ်သည်၊ Chen Jiaman အား Renyi မှ ပြောင်းရွှေ့လိုသည့် သူ၏ထက်သန်လှသော စိတ်ဆန္ဒတို့မှာ သမီးဖြစ်သူ၏ ရောဂါအခြေအနေကို စိတ်ပူသည့်အတွက်နှင့် Cheng Xi တတ်မြောက်ထားသည့် ဆေးပညာရပ်တို့က အရည်အချင်းမပြည့်မှီကို စိုးရိမ်ပါသည့်အတွက်ဟူ၍ ဟန်ဆောင်လိမ်ညာ ထားခြင်းသာဖြစ်သည်။
သို့ရာတွင် Cheng Xi က သူ၏ အဓိပ္ပာယ်နှစ်မျိုးထွက်နေသည့် အကြောင်းပြချက်ကို လျစ်လျူရှုထားလိုက်သည်။ ယခု သူမစိတ်ထဲ၌ အတော်လေး စိတ်ညစ်နေသည်—အဆုံး၌မူ ထိုပြဿနာကိုဖြေရှင်းရန်အတွက် Lin Fan ၏အကူအညီ ယူသုံးလိုက်ရသည်၊ ထို့ပြင် ဤသို့လုပ်ခြင်းဖြင့် Lin Fan က အကျိုးမရှိဘဲ အလျှော့ပေးလိုက်ရသည့် အခြေအနေသို့ရောက်အောင်ပင် ဖိအားပေးခံလိုက်ရပုံပေါ်သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...