Unicode - ဒီ'အဖော်'က မင်းဟာ
Lin Fan ထံမှ သတင်းနှိုက်ရန် မလျှော့သောဇွဲလုံ့လတို့ဖြင့် ကြိုးစားနေသည့် Tian Rou အား Cheng Xi အထင်ကြီးလေးစားသွားရသည့်အပြင် သူမ ကိုယ်တိုင်လည်း တစ်ဖက်မှ ပြန်ဖြေလာမည့်စကားသံကို သေသေချာချာ နားစွင့်နေမိသည်။
"မရှိဘူး။"
ဟူ၍ Lin Fan ၏ အဖြေကိုကြားသည့်အခါ Tian Rou တစ်ယောက်လက်ခုပ်တီးတော့သည်။ နှုတ်မှလည်း အားရဝမ်းသာစွာဖြင့်
"အား... ကောင်းလိုက်တာ။"
ထိုအခါ သူမ စကားသံကြောင့် ကျန်လူများ ဝိုင်းရယ်ကြတော့သည်။
"Lin Fan က single ဆိုတာသိရုံလေးနဲ့ကို နင် ဒီလောက်ထိပျော်ရလား။
Tian Rou မှာ မျက်နှာတည်လေးလုပ်ကာ
"ဒါပေါ့! ဒီဟာက ကိုယ့်ရဲ့ idol ကြီးနဲ့ နီးစပ်နိုင်မယ့် ငါ့ရဲ့ မဟာအခွင့်အရေးကြီးလေ၊ မဟုတ်ဘူးလား... ပြော။"
သူမ စကားကြောင့် Lin Fan ၏ မျက်နှာက 囧 ထိုပုံစံပြောင်းသွားသည်။ သို့သော် စ,နောက်လိုက်တိုင်း ရှက်စိတ်ကြောင့် ပန်းရောင်မျက်နှာ ပြောင်းသွားတတ်သည့် ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။ ထို့အစား သူမ အား အလိုက်သင့်ပြန်ပြုံးပြကာ
"Rou ၊ နင်ကတော့ အရင်အတိုင်း လုံးဝမပြောင်းလဲသေးဘူး။ အခုချိန်ထိ လူတွေကို ပြုံးအောင်လုပ်နိုင်တယ်။"
သူ၏ ချီးကျူးစကားသံကြားသည်နှင့် Tian Rou တစ်ကိုယ်လုံး လေပေါ်မြောက်တက်သွားသည်။ Chen Xi လက်ကို စားပွဲအောက်မှ လှမ်းဆွဲကာ အားပါးတရလှုပ်ရမ်းနေပုံက မျောက်အုန်းသီးရသကဲ့သို့ ဝမ်းသာနေသည့် သူမ၏ စိတ်အခြေအနေကို ထင်ထင်ရှားရှားပြနေသည်။
မင်္ဂလာအခမ်းအနားသို့ ရောက်နေခြင်းဖြစ်၍ သူငယ်ချင်းအားလုံး၏ အမူအရာက ဣန္ဒြရေရနှင့် တည်တည်ကြည်ကြည်လေး ဖြစ်နေကြသည်။ ညနေစာဧည့်ခံကျွေးမွေးခြင်း ပြီးဆုံးသွားသည့်အခါ နောက်ထပ်တွေ့ဆုံပွဲတစ်ခုက ဆက်နေပြန်တော့သည်။
ထိုအတွက်ကို Shen Wei ကိုယ်တိုင် ဟိုတယ်မှအခန်းများကို ကြိုငှားထားပြီးပြီဖြစ်သည့်အပြင် သဘာဝရေပူစမ်းနှင့် ဂိမ်းကစားရသည့်ခန်းမကြီးကိုပါ အသုံးပြုနိုင်ခွင့် ရဦးမည်ဖြစ်သည်။ ဤအချိန်အခါက ရတောင့်ရခဲ့လှသည့် အချိန်ကောင်းဖြစ်ကာ အားလုံးလည်း စိတ်လက်အပန်းဖြေ အနားယူကြနိုင်မည်ဖြစ်သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...