❣❣အို...ဦးနော်❣❣
Ep-1
Unicode
"ဟင့်...ဟင့်...မေမေရေ ဟင့်...ဟင့်
ဒီမှာ မမငယ် သားသားကိုအနိုင်ကျင့်နေတယ်ဗျို့..အီး....ဗြဲ..."အိမ်အောက်ထပ်ဆီမှ တပြဲပြဲနှင့် အော် ခေါ်နေသော
အဆိုးလေးကြောင့် ဘုရားခန်း ထဲတွင် ဘုရားရှိခိုးနေသော ဒေါ်အမရာတစ်ယောက် ဆက်လက်၍ ဘုရားရှိခိုးဖို့ရာမဖြစ်နိုင်တော့ပေ၊ ဒါကြောင့်ပင် အလျင်အမြန် ဦးသုံးကြိမ်ချကာ အဆိုးလေးရှိရာ အိမ်အောက်ထပ်ဆီသို့ ထွက်လာခဲ့ရန် ပြင်ဆင်လိုက်ပေလေသည်။"အော်...ဒီကလေးတွေနဲ့ ဘုရားရှိခိုးတာတောင် ကောင်းကောင်း မရှိခိုးရပါလား ငါ့နှယ်နော်"
"အရှင်ဘုရား...တပည့်တော်မ ပြီးမှနောက်တစ်ခါပြန်ရှိခိုးရှိခိုးပါတော့မယ်ဘုရား...အခုတော့ အိမ်အောက်က ဟိုအကောင်ပေါက်လေးဆီကို တပည်တော်မ သွားရပါတော့မယ်ဘုရား...သာဓု...သာဓု..."
"မေမေကြီးရေ...အဟင့်...အဟင့်..."
ငိ...သာဓုတောင် ဆုံးအောင် မခေါ်ရသေးခင်
နောက်တစ်ခါ ပြဲတက်လာသော အသံလေးကြောင့်
ဘုရားခန်းမှကပြာကသီထကာ အောာက်ထပ်ဆီသို့
ပြေးလာခဲ့လိုက်လေသည်။နို့မိုဆိုရင် သူ့နားတွေ ကွဲထွက်သွားလောက်သည် ၊ အတော်အသံကျယ်တဲ့ သောက်ကလေးလေး။
"အေးဟေ့... အေး ငါလာပြီ ငါလာပြီ တကတည်းမှပဲ သာဓုတောင် ဆုံးအောင်မခေါ် ရပါလားတော်"
အိမ်အပေါ်ထပ်ဆီမှ ပြေးဆင်းလာသော မေမေ့ကြောင့် အဆိုးလေးဆိုသော ကျတော့မျက်နှာမှာ အပြုံးပန်း တွေ ဝေဆာသွားခဲ့ရလေသည်။
"မေကြီးရေ...မေကြီး...ဟင့်...ဟင့်..."
ဖက်ခေါင်းအုံးကြီးပမာ ဝဝဖိုင့်ဖိုင့်နှင့် တလုံးတခဲကြီးဖြစ်နေသော မေကြီးခန္ဓာကိုယ်ကြီးအား အဆိုးဆိုသောကျတော်ပြေးဖ က်လိုက်လေသည်။
ဟန်လုပ်ကာ ငိုထားသော မျက်ရည်စတို့သည်လည်း
မျက်နှာပေါ်၌ အဆင်သင့်ရောက်ရှိနေပေသည်။ဟွန့်...အဆိုးတဲ့ တစ်ဆိုးထဲရှိတယ်
ခံလိုက်အုံးပေါ့ မမငယ်ရယ် ခံလိုက်အုံးပေါ့ အဟိ..
YOU ARE READING
❣❣အို...ဦးနော်❣❣
Horrorမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗