part-23

5.3K 233 3
                                    


Unicode

"ဟဲ့ဟဲ့ မိဘုတ်တို့ မိပန်းတို့ ခဏနေကြအုံးပါအုံးတော် ညည်းတို့ကလည်း"

"ဘာလဲ မိဘုတ်ရယ် ဟိုမှာဖြင့်မိုးကရွာလာပြီ တော်က ဘာတွေဆက်ပြောအုံးမလို့လဲတော့ ပြောစရရှိရင်လည်း မြန်မြန်ပြောတော် တော်ကြာမိုးမိလိမ့်မယ်"

တစ်လမ်းလုံး မိမိ
အနောက်ကနေ ကလေးညည်းပူသလို တဆာဆာ ပူနေသော မိညိုအား ရွှေပန်းမ တစ်ယောက် သိပ်စိတ်မရှည်တော့ပေ၊ ဒါကြောင့်မို့လည်း သူပြောချင်နေသော စကားတို့ကိုပြောခိုင်းလိုက်လေသည်။

"​အေးပါ​တော် ဒါနဲ့ကျုပ်တို့တစ်တွေ အခုဘယ်ရောက်နေပြီလဲ"

"ဟဲ့ မိညို တော် နေမှကောင်းရဲ့လားဟင် ဒါကိုသာဒင်ရဲ့လေး ဧကကြီးကို ရောက်နေပြီလေ"

မိမိစကားတို့အား ကြားပြီးသည့်နောက်
ရူးနေပြီလားပုံစံမျိုးနှင့် စိုက်ကြည့်လာသော လုံမပျိုတို့၏ မျက်ဝန်းများကြောင့် သူမစကားကို သူမအလျင်အမြန်ပင်
ပြင်လိုက်ရလေသည်။

"မဟုတ်ဘူးလေ ကွယ်တို့ရယ် ကျုပ်ပြောချင်တာက ကျုပ်တို့တောင် အခု ကိုသာဒင်ရဲ့ လယ်ပွဲကို ရောက်နေပြီ
အဆိုးတို့က အခုထိတောင်လိုက်မလာကျသေးဘူး အဲ့တာကို ကျုပ်သိပ်မသင်ကာဘူးတော်"

"အော် မိညိုရယ် ဘာများလဲလို့ သူတို့လည်း သူတို့အကြောင်းရှိလို့ နေခဲ့တာနေမှာပေါ့တော့"

"အေး...ကျုပ်ပြောချင်တာလည်း အဲ့တာပဲတော့"

"မိညိုမရယ် ​တော့စကားကြီးကလည်း ဘာကြီးတုန်း ရှုပ်ရှက်ခတ်နေတာပဲတော် ကျုပ်တို့နားလည်အောင်လည်း ပြောစမ်းပါအုံး တော့"

မိမိစကားအား ပြူးကြောင်ကြောင် လေးတွေနှင့်သာ ကိုယ်စီကိုယ်ငှစိုက်ကြည့်နေရှာသော ဒီငမဲမတစ်သိုက်ကြောင့် သူ့ခဗျာအတော်လေးကိုစိတ်အိုက်သွားရလေသည်၊ အရိပ်ပြလို့ အကောင်မမြင်၊ တုတ်ပြလို့ အဝှာမထင်နေသော
ဒီတစ်သိုက်အား ကွေ့ဝိုက်ကာ ပြောလို့မရတော့သည်မို့ဒဲ့တိုင်းသာ ပြောချလိုက်ရသည်။

"ညည်းတို့ကလည်းတော် အရိပ်ပြလို့တောင်အကောင်မမြင်​ကြဘူး တုံးလိုက်တာမှ လွန်ရော ကျုပ်ပြောချင်တာက ကျုပ်တို့တစ်တွေ အဆိုးတို့ကို ပြန်ချောင်းကြရင် ကောင်းမလားလို့"

❣❣အို...ဦးနော်❣❣حيث تعيش القصص. اكتشف الآن