Unicode
"ဝေါ...ဝေါ...ဝေါ......"
အဆက်မပြတ် ရွာသွန်းနေသော မိုးရေမိုးစက်များကြောင့် ပန်းနီရောင် သန်းနေသော သည်းငယ်၏ နီစွေးစွေးနှုတ်ခမ်းလေးပင် ပြာလဲ့လဲ့ဖြစ်လို့နေလေပြီ၊ ဒီအတိုင်းသာ ဆက်ထားအုံးမည်ဆိုလျှင်တော့
သေချာပါသည် ဒီပိကျိလေး သေချာပေါက်ဖျားနာတော့မည်။အတော်လည်း အသည်းမာတဲ့ $ကလေးလေးပါလားကွာ.....
"ကလေး လေး မိုးတွေလည်းအရမ်းသည်းလာပြီကွာ ပြီးတော့ မင်းနှုတ်ခမ်းလေးတွေလည်း ပြာနေပြီ
ကိုတို့ပြန်ကြရအောင်လေနော်"မိုးရေစက်များနှင့်အပြိုင် မျက်ရည်စတို့အား ရွာသွန်းနေသော ကလေးလေးရဲ့မျက်ဝန်းများကတော့ သိပ်ကိုမှေးမှိန်လို့နေလေသည်။
ဒဏ်ရာရ ကျားတစ်ကောင်ပမာ ခံစားနေရသော ကလေးငယ်ကတော့
သူပြောသမျှစကားတွေကို မျက်ကွယ်ချ ဥပေက္ခာပြုရင်း အသက်မဲ့နေသော မျက်ဝန်းများဖြင့်သာ အဝေးတစ်နေရာဆီသို့ ငေးကြည့်နေလျက်။"ခင်ဗျားပြန်ချင်ပြန်လေ ကျတော်ကတော့မလိုက်တော့ဘူး"
"ကျွတ်...မလိုက်လို့ရမလားသည်းငယ်ရာ...မင်းကိုယ်မင်းလည်းပြန်ကြည့်အုံး တစ်ကိုယ်လုံး ဂိုက်ဂိုက်တုန်နေပြီ ခေါင်းမမာချင်စမ်းပါနဲ့ သည်းငယ်ရာ "
"ဟုတ်တယ် ကျတော်ကခေါင်းမာတယ်
အဲ့တော့ဘာဖြစ်လည်း အနည်းဆုံးတော့ ခင်ဗျားလို မလှည့်စားတတ်ဘူးမဟုတ် လား ဦးမုဏ်းစေတန်""သြော် ခင်ဗျား သိအောင်ကျတော် တစ်ခုပြောရအုံးမယ် အခု ခင်ဗျား အရှေ့မှာ ရပ်နေတဲ့ ကျတော်ကလေ အရင်လို ခင်ဗျားဘာပြောပြော တသွေမတိမ်း လိုက်နာတတ်တဲ့ပျော့ညံ့ညံ့အဆိုးမဟုတ်တော့ဘူး ၊ ခင်ဗျားပေးတဲ့ စိမ်းကားမှုတွေကြောင့် တော်တော်လေးကိုရင့်ကျက်သွားပြီဗျ"
ခပ်အက်အက် အသံလေးနှင့်အတူ သူ့ဆီသို့ရောက်လာသောမျက်ဝန်းများက ကြေကွဲစရာ အကြည့်များနှင့် ပြည့်နှက်လို့နေလေသည်။
"မဟုတ်ဘူးသည်းငယ်....ကိုပြော..."
"ကျေးဇူးပြုပြီးတော့ ကျတော့ကို သည်းငယ်လို့မခေါ်ပါနဲ့ ဦးမုဏ်းစေတန်
ကျတော်က ခင်ဗျားရဲ့သည်းငယ်မဟုတ်ဘူး"
YOU ARE READING
❣❣အို...ဦးနော်❣❣
Horrorမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗