Unicode
လမ်းဘေးမှာ ဆိုင်ကယ်ချရပ်ပြီး လူမသိသူမသိအောင် ခွက်ထိုးခွက်လန်အော်ရီလို့အားရပြီးကတည်းက ရွာသို့တန်းကာ မောင်းလာသော ဦးကတော့ ရွာထိပ်ရောက်သည်အထိ သူမသိအောင်တမျိုး သိအောင်တစ်ဖုံ တခွီခွီနှင့် ခွီနေဆဲပင်။
မိမိမှာ သူဘာကို ရီလို့ရီနေမှန်းမသိလို့ အတင်းအစ်၍မေးပါသော်လည်း လင်အပေါ် အတော်လေးကို သစ္စာရှိသည့် ယောကျာ်းဖြစ်သူ ပီပီ ယခုအချိန်ထိ ကိုယ်တော်ချောက သူမေးသမျှကို စိုးစဥ်းမျှပင် မဖြေသေးပေ ၊ သေချာတာတစ်ခုကတော့ ထိုရီခြင်းက သူ့ကိုကြည့်၍ရီနေခြင်းဆိုတာကိုတော့ အဆိုးသိနေလေသည်။
ထိုရီခြင်းက မည်သို့သော ရီခြင်းမျိုးပါလိမ့်....
စျေးတွင်အနည်းငယ် ကြန်ကြာသွားသဖြင့် မြို့နှင့်ရွာ အလှမ်းသေးနေသော မိမိတို့အဖို့ ရွာသို့ပြန်ရောက်ချိန်သည် မှောင်ရီစပင် ပျိုးလို့နေလေပြီ၊နေရာအနှံ့ဝါးပင် ရှည်ကြီးများ အုံ့မိုးကာ ကာဆိုင်းထားသော နောင်ရိုးဆိုသည့် မိမိတို့ရွာကလေးသည် မိုးချုပ်သည်နှင့်တပြိုင်နက် မှောင်ရိပ်တချို့က တစေသရဲတစ်ကောင်ပမာ ဟိုမှဒီမှတိုးထွက်လို့နေကြသည်။
ထိုအခိုက် မိဘုတ်၏ ကြီးတော် ဘကြီးသာမှုံ၏နှမ ဒေါ်အေးပုံတို့လမ်းကြားမှတဆင့် မိမိမျက်လုံးထဲတွင် ဖျတ်ခနဲဆိုသလို မြင်လိုက်ရသော ပုံရိပ်တစ်ခုကတော့ လက်ထဲမှာ ပုလင်းတစ်လုံးကို ကိုင်ရင်း ဟိုကြည့်ဒီကြည့်နှင့် မြောက်စွမြောက်စွ လမ်းလျောက်လာသော မိမိ၏ ပင်တိုင် အစတော်ခံ ဒေါ်ဂွတို၏ တစ်ဆယ့်လေးယောက်မြောက်သမီး စိန်မျက်ပြူးလေးပင်။
ဟွန့်....တွေ့ကြပြန်ပြီပေါ့ ပြူးပြူးရယ်....ငှဲ...ငှဲ...ငှဲ
"ဦး....ဦး...ဆိုင်ကယ်ကို ခဏရပ်အုံး ခဏရပ်အုံး "
"ဟမ်....ဘာဖြစ်လို့လဲ သည်းငယ်"
"ဟာ...ရပ်ပါဆို ဦးကလည်း...ကျတော်မရတော့ဘူး..အား.. "
"အော်...အေးအေး ရပ်ပြီရပ်ပြီ"
မိမိအနောက်ဆီမှ မိမိခါးကိုကိုရင်း ရုတ်တရက်ဆိုသလို အတင်းတွေ စက် ရပ်ခိုင်းနေသော ကလေးလေးကြောင့် စေတန့်ခဗျာ သူလေးဘာများဖြစ်နေသလဲဆိုသည့် စိတ်ကူးတို့ဖြင့် ကမန်းကတမ်း စက်ရပ်ကာပေး လိုက်တော့ ထိုငတိလေးက မိမိအား ဘာမပြောညာမပြောနှင့် ဆိုင်ကယ်ပေါ်မှ ရိပ်ကနဲဆိုသလိုသလိုခုန်ဆင်းသွားကာ မိမိတို့ရှေ့တွင် ရှိနေဆဲဖြစ်သော မှောင်ရိပ်ခို လမ်းကြားလေးထဲသို့သာတန်းမတ်စွာပြေးဝင်သွားလေတော့သည်။

VOUS LISEZ
❣❣အို...ဦးနော်❣❣
Horreurမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗