part-12

6.5K 320 11
                                    


Unicode

"တကယ်ပါပဲ ဒီအပျိုကြီးနဲ့တော့ သိပ်ခက်တာပဲ မသိရင် သူပဲ ရည်းစားမထားဖူးတာ ကျနေတာပဲ လည်ပင်းပေါ်က အနီကွက်တွေကို ကြည့်ရင် markingရာမှန်း သူမသိဘူးလား ခုတော့ marking ရာမှန်းမသိ ၊ စုန်းစုပ်မှန်းမသိ
နေရာတကာကို စပ်စုလွန်းတယ်... အားရား ငါ့နှယ်နော် ဒေါသတွေ ထွက်လိုက်တာ မတရားပဲ...အာ့ကြောင့်လည်းမမကြီးလင်ရတာတောင် သူလင်မရတာနေမယ် တကယ်ပဲ... "

"ပြီးတော့ ဟိုတစ်ယောက် ရှိသေးတယ် သူကရော  မငယ်နဲ့  ဘာထူးလို့လဲ ...တခြားလူက ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ အားနေ အဟာ သပုဖို့ပဲ သိတယ်၊ လူက အားကိုးချင်လို့ ကပ်ပါတယ် ဆိုမှ ဘာတွေ စိတ်ကူးနေမှန်းကိုမသိဘူး တကယ်ပဲ အားကိုးလို့ကိုမရဘူး ချီး...မုန်းစရာ ကောင်းလိုက်တာနော် "

လှေကားရင်းမှာထိုင်ရင်း ဘာကိုအလိုမကျမှန်းမသိ ဗျစ်တောက် ဗျစ်တောက် လုပ်နေသောကလေးကတော့သိပ်ကို အပြစ်ကင်းစင်ကာ ချစ်ဖို့ အလွန်ကောင်းလွန်းလှပေသည်။

ခက်တယ် ကလေးရယ် မင်းနဲ့တော့ ကြာရင် ကို ရူးရလိမ့်မယ် သည်းငယ်လေးရာ....

သည်းငယ်တဲ့ ဟုတ်ပါသည်လေ စေတန့်နှုတ်ခမ်းထက်မှ အဆိုးလေးအတွက် ပထမဆုံးအကြိမ် မှည့်ခေါ်မိခဲ့သည့် အမည်နာမလေးကတော့.... သည်းငယ်တဲ့

"သည်းငယ် "

"သည်းငယ် "

"သည်းငယ် လို့..."

"ဟာ လူကို ဘာလို့ ဒီလောက်တောင် ခေါ်နေတာလဲ...ဒီမှာနားကန်းတော့မယ်ဗျ"

"အဲ့ဒါဆိုလည်း ကိုခေါ်နေတာ ပြန်ထူးလေ သည်းငယ်ရာ"

"ဘာလို့ ထူးရမှာလဲခင်ဗျားက ကျတော့.... ကျတော့..."

မနက်က အဆိုး  ကိုယ်တိုင် မြင်ခဲ့ရသော ဦးမျက်နှာချောချောကြီးက မျက်ဝန်းထဲတွင် ရုတ်တရက် ထ ပေါ်လာသည်မို့ ရှေ့ဆက် ပြောရမည့် စကားလုံးလေးများပင် ပျောက်ရှသွားရလေသည် ။

ကြည့်ပါဦးလေ ယခုလည်းပြုံးစစ မျက်နှာကြီးက အရင်နှင့် မတူအောင် ဆွဲဆောင်လို့နေပြန်သည်။

ငိ...စွကျိုးနည်း ဘယ်လို အပြုံးကြီးပါလိမ့် ကြက်သီး တွေပါတဖြန်းဖြန်းထတယ်....အားရား....ငါလေးဆွဲသာ ကိုက်ပစ်လိုက်ချင်တော့တယ်....

❣❣အို...ဦးနော်❣❣Where stories live. Discover now