Unicode
ဟိုငမဲမ တသိုက်ထွက်သွားတာတောင် အပြုံးမပျက်ဘဲ လေ့ကျင့်ခန်းကိုသာ ဆက်လုပ်နေသည့် ထိုလူကြီးကြောင့် အဆိုးရင်ထဲ၌ ကလိကလိနှင့် ဖြစ်လို့နေလေသည်။
ပေါက်ကရအကုန်လုပ် ဒေါ်ရွှေဘုတ်တို့၏ ဆော်သြမှုများကြောင့်
ရွာထဲမှ အပျိုတစ်သိုက်တို့သည်လည်း အဆိုးတို့ အိမ်ရှေ့၌ ကြက်ပျံမကျအောင် တဖွဲဖွဲရောက်ရှိလာကြသလို ၊ သူတို့၏ မျက်လုံးတို့သည်လည်း ဦးရဲ့ ခန္ဓာကိုယ် ပေါ်သို့ ရောက်ရှိစပြုနေကြလေသည်။မို့မောက်ကာ ေဖာင်းကားနေ သော ရင်အုံနှစ်ခုကြားရှိ
အမြောင်းမြောင်းထနေသော ပေါင်မုန့် သဏ္ဍာန် ကြွက်သားတို့သည်လည်း အားပါးတရ ပြုလုပ်နေသော လေ့ကျင့်ခန်းတို့နှင့်အတူ စည်းချက်တကျထွက်ပေါ်လို့ နေလေ သည်။ချွေးသံတရွှဲရွှဲတို့ဖြင့် ဝါဝင်းနေသော မျက်နှာလှလှလေးထက်၌သည်ကား ရွှေ အိုရောင်ဆံနွယ်လေးများက တဝဲဝဲနှင့်ရယ်၊ ဒါတင်မက တခါရီလိုက်တိုင်း အသက်ရှူပင်မှားရနိုင်လောက်သော
လေးညွှတ်သဏ္ဍာန် အပြုံးလှလှတို့သည်လည်း မကြာခဏဆိုသလို ထွက်ပေါ်လို့နေသည်။ဦးက ပြုံးပြလေလေ ဟိုဟာတွေက အပြူးအပြဲ ကြည့်လေလေ ဖြစ်နေသည်မို့ အဆိုး စိတ်ဘဝင် သိပ်တော့အမြင်မကြည်နိုင်တော့ပေ။
"ဟိုလူကြီး ခင်ဗျားအာ့နေရာမှာ ဘာလုပ်နေတာလဲ "
"အိပ်ထမထိုင် လုပ်နေတာလေ မင်းမမြင်ဘူးလား "
"မြင်လို့ပြောနေတာပေါ့ ဘယ်လိုလူမှန်းကိုမသိဘူး သူ့ကို သူများတွေဝါးစားမတတ်ဝိုင်း ကြည့်နေတာကို ေတာ်တော်ကျေနပ်တယ်ဟုတ်လား"
"ဒါပေါ့...ကိုချောလို့ဝိုင်းကြည့်တာလေ ကြည့်ပလေ့စေပေါ့...ဘာလဲ မင်းလေးက အူတိုနေတာလား..."
အဆိုးရဲ့ စိတ်အစုံကို ကြိုသိသည့်အလား
ရုတ်တရက်ဆိုသလို ပြောချလိုက်သော ဦးရဲ့ စကားများကြောင့် နီရဲနေသော နှုတ်ခမ်းပါးလေး စွန့်အ သွားခဲ့ရလေသည်။"စဥ်း...စဥ်းစားလေ ဆုတောင်းပေါ့ ကျတော်က ခင်ဗျားကို ဘာလို့အူတိုရမှာလဲ"

STAI LEGGENDO
❣❣အို...ဦးနော်❣❣
Horrorမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗