Unicode
ရက်တွေပြောင်းလို့ လတွေပင်ဟောင်းခဲ့ပါသော်လည်း မည်သို့မျှပြောင်းလဲလို့ရခဲ့သည်က ဦးအပေါ်ထားသော သူ၏ အချစ်တရားများပင်တည်း။
ကိုယ်ဝန်ရလို့ ဒီအိမ်ကိုရောက်ကတည်း အစစအရာရာ ဂရုစိုက်တတ်လွန်းသော ဦးကြောင့် သူ့ခဗျာ လိုလိုစေ့မရှိအောင် အရာအားလုံးပြည့်စုံလို့နေလေသည်။
သို့ပေမဲ့လည်းခြွင်းချက်တစ်ခု အနေနဲ့ကတော့ အိမ်ထဲမှလွဲ၍ ဘယ်ကိုမှ သွားလာလို့မရတော့...
အဆိုးဆုံးကတော့ မေမေတို့ရှိရာ ကျတော့ရွာကလေးကိုပင် ပြန်ရန်အတွက် လုံးဝကိုခွင့်မပြုပါခြင်းပေ။
ဒါပေမဲ့လည်း တစ်ပတ်တစ်ခါအလည်လာတတ်သော မေမေနှင့်မငယ်တို့ကြောင့် ရွာမရောက်သည့်တိုင်အောင် ရွာ၏ အငွေ့အသက်များကိုတော့ ကျတော်ခံစားမိလေသည်။
ဘာလိုလိုနဲ့ ဒီနေ့ဆိုရင်ဖြင့်အထဲထဲမှ ပိကျိသေးသေးလေးတောင် ကိုးလကျော်လို့ ဆယ်လထဲသို့ရောက်ခဲ့ပါပြီလေ..
မွေးလာမှသာရင်ခုန်ကြီးစွာဖြင့် မျှော်လင့်ချင်သည်ဟုဆိုသောဦးကြောင့် ဗိုက်ထဲတွင်ရှိနေသော ကလေးလေးက ယောကျာ်းလေးလား၊ မိန်းကလေးလားဆိုတာကိုတော့ ယနေ့အချိန်ထိ မည်သူမျှမသိရသေး....
သို့ပေမဲ့လည်ယလပေါင်းများစွာ ဂစုတစိုက်ပြုစုခဲ့သော ဒီကလေးလေးက သိပ်မကြာခင်မှာပင် လူ့လောကကြီးသို့ လက်ဆန့်၍ ဝင်လာရတော့မည် သူပျော်မိပါလေသည်။
"ငယ်...."
အတွေများဖြင့်လွင့်မျောနေသည့်အခိုက်
ခပ်ဟဟရယ်သံလေးနှင့်အတူ နောက်ကျောမှနေ၍ သူ့ဗိုက်လုံးလုံးလေးအား သိုင်းဖက်လိုက်သော ဦးကြောင့် အဆိုးခဗျာ ရှက်သွေးလေးများပင်ဖြာသွားရလေသည်။အမြဲလိုလို အရှက်ပိုအောင် ဖမ်းစားတတ်သော ဒီယောကျာ်းကြောင့်လည်း သူ့ခဗျာ ရှက်သည်ဆိုသည့်အရာအား သူငယ်ချင်းပမာ လည်ပင်းဖက်၍ ပေါင်းခဲ့ရသည်က အကြိမ်ပေါင်းမနည်းတော့ပေ။
ဟုတ်ပါသည်လေ ပုကျိသေးသေးအား ကိုယ်ဝန်စရှိတယ်လို့ဆိုကတည်းကမိမိအား အရင်ကနှင့်မတူအောင် တမူထူးအောင် သူခေါ်သော စကားလေးတစ်ခွန်းရှိခဲ့ပါသည်

BINABASA MO ANG
❣❣အို...ဦးနော်❣❣
Horrorမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗