part42

3.6K 170 28
                                    

Unicode

"မင်းဘယ်သူ့ကို ရှာနေတာလဲအဆိုး မဟုတ်မှလွဲရော မင်းရှာနေတဲ့လူက တို့များလား"

ရုတ်တရက်ဆိုသလိုကြားလိုက်ရသောအသံသဲ့သဲ့ကြောင့်အဆိုးတစ်ယောက် သူ့အနောက်ဆီသို့ တချက်လှည့်ကြည့်လိုက်လေတော့ သူမြင်လိုက်ရသည့်အရာက သူ့အား ရပ်နေသည့်နေရာမှ အနောက်ဆီသို့ ခြေလှမ်းများ ဆုတ်ခွာသွားရ​လောက်သည်အထိ တုန်လှုပ်သွားစေခဲ့သည်။

​ ပြတင်းတံခါးဆီမှ လွင့်မျောနေသော ခန်းဆီးလိုက်ကာစများအကြား တစ်ကိုယ်လုံး ရစရာမရှိအောင်  စုတ်ပြတ်နေသော အဝတ်အစားများဖြင့် ဖရိုဖရဲ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က သူမမြင်နိုင်သည့်အခြားတစ်ဖက်ကို မျက်နှာမူ၍ သူ့အား ကျောပေးရင်းသာ သူ့ရှေ့တည့်တည့်ဆီ၌ ရပ်နေလေရဲ့။

ထို့အပြင် ထိုအမျိုးသမီးဆီမှ ခပ်အက်အက် ရယ်သံသဲ့သဲ့ကလည်း ခန်းဆီးလိုက်ကာများကြားသို့ တိုးဝင်ကာ တိုက်ခတ်နေသော လေတိုးသံသဲ့သဲ့တို့နှင့်အတူ သူ့နားဝဆီသို့ ကျီစယ်စွာ ရိုက်ခတ်နေလျက်။

"ခင်...ဗျား ဘယ်သူလဲ "

"အဟက် ငါ့ကိုပြောတာလားအဆိုး "

သူ့စကားအပြီး ရုတ်တရက် သူ့ဘက်သို့ လှည့်ကြည့်ရင်းပြော လာသော ထိုအမျိုးသမီးကြောင့် အဆိုးလေးခဗျာ ထိုနေရာ၌ပင်  ခွေခွေလေးလဲမကျရုံတမယ် ဒုတိယအကြိမ်မြောက် အံ့သြတုန်လှုပ်သွားခဲ့ရလေတော့သည်။

ထိုအချိန် သူ့နှုတ်ခမ်းမှ ယောင်ယမ်းကာ ထွက်သွားမိသည့်စကားက

"မမ..."

ပြုံးရယ်ခြင်းအလျဥ်းမရှိသည့် မျက်နှာပေးမျိုးနှင့်သူမပါးပြင်ပေါ်သို့တဖွဲဖွဲကျနေသောဆံနွယ်ရှည်များအား သူ့ကိုယ်ပေါ်မှ လက်ချောင်းသွယ်သွယ်တို့ကို အသုံးပြုရင်း ခေါင်းပေါ်သို့သပ်တင်နေသောသူမက မိမိအား သူစိမ်းတစ်ယောက်ပမာစူးရှရှစိုက်ကြည့်လာလေသည်။

လူတစ်ယောက်အား သေစေနိုင်သည်အထိ အမုန်းတရားတွေ တဟုန်းဟုန်း တောက်လောင်နေသော ထိုအကြည့်မျိုးကို အဆိုးကြောက်ရွံ့နေမိပါသည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now