Unicode"အေ့.....သည်းငယ်လေး...အေ့.... မင်းမထွက်လာဘူးလား.... အေ့ .. မင်းမထွက်လာရင် ကိုဝင်ခဲ့မှာနော် အဲ့ကျမှ ကိုယ့်အဆိုးမဆိုနဲ့ ဒါဖဲ....အေ့"
အိမ်ရှေ့တွင်အရမ်းမူးကာဗွက်လူးနေသောကိုငမူးကတော့အဆိုးအား အသည်းအသန် ထွက်ခိုင်းနေလေသည်။
" ဟော့ တော်ရေ ကြည့်စမ်းပါအုံး အိမ်ရှေ့က ရေအိုင်ထဲမှာ မူးမူးရူးရူးနဲ့ ဗွက်လူးနေတာ တော့လူကြီးမလား ဟင် အဆိုး"
မိဘုတ်ပြောမှ ထိုလူကြီးအား အဆိုးကြည့်မိလေသည်၊ဟုတ်ပါရဲ့ မိဘုတ်ပြောလည်း ပြောချင်စရာပေ မူးမူးရူးရူးနဲ့ ဗွက်လူးနေလိုက်တာမှ တကယ့် ကျွဲပေါက်လေးအတိုင်းပင်။
ဒါတင်မက ခန္ဓာကိုယ်ပေါ်တွင်လည်း အဝတ်ဆို၍ အောက်တွင် ခံဝတ်ထားသော ေဘာင်းဘီတစ်ထည်သာကျန်ရှိ တော့သည်။
အို....
ဤကဲ့သို့ အဝတ်စက်လက်နှင့် ဂမူးရှူးတိုး ဖြစ်နေပါသောဦးသည် သူမြင်ခဲ့ဖူးသော အမူးသမားများကဲ့သို့ ကြည့်မကောင်းသည်မျိုးလုံးဝဟုတ်ဘဲ ချစ်စရာကောင်းလွန်းလို့နေပြန်သည်။
အို....ဒီအမူးသမားကြီးနဲ့တော့ကွာ...
ခြောက်ပေကျော် အရပ်ကြီးနှင့်လိုက်ဖက်စွာ အပိုအလိုမရှိ ဖုထစ်ကာထွက်နေရှာသော 6packsကြီးသည်လည်း အဝတ်စက်လက်နှင့် ဖြစ်နေရှာနေရှာသော ထိုလူကြီး၏ ဝမ်းဗိုက်ထက်၌ ပေါင်မုန့်တစ်ခုပမာ တွယ်ကပ်နေလျက်။
ယခုဆိုလျှင်ဖြင့် ပေါင်မုန့်မြင်တိုင်း ငမ်းတတ်သော မိညိုတို့တစ်သိုက်ကလည်း ထိုလူကြီးအနားသို့ရောက်နေကြသလို သူတို့၏ ပါးစပ်များသည်လည်း ကိုသာလှနွားမများ အစာစားသလို စမြုပ်ပြန်နေလေရဲ့ ။
တောက် ဂန်းနာမတွေ ငမ်းစရာရှားလို့
ငါ့ဦးကိုမှ လာငမ်းနေရတယ်လို့ တွေ့မယ်တွေ့မယ် အဆိုးအကြောင်း ကောင်းကောင်းကို သိစေရမယ်။ဟွန့်....ဟိုလူကြီးကရော ဘာထူးလို့လဲ လာပြန်ခေါ်တာများ အာ့လိုလာစရာလားလို့....အားရား မုန်းစရာကောင်းလိုက်တာ...
"ဟဲ့ အဆိုး...အဆိုးလို့"
"ဘာလဲဟာ"
"ဟဲ့...အဲ့ဒါနင့်လူကြီး ဟုတ်တယ်မလား".

YOU ARE READING
❣❣အို...ဦးနော်❣❣
Horrorမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗