part-5

9.5K 519 9
                                    

ကားပေါ်မှ တည်တည်ငြိမ်ငြိမ်နှင့် ကျက်သရေရှိစွာ ဆင်းသက်လာသော
လူတစ်စုရဲ့ ဝတ်ပုံစားပုံကိုကြည့်ခြင်းအားဖြင့်
ထိုသူတို့၏ အဆင့်အတန်းကို ဒေါ်အမရာတစ်ယောက် ပြေးကြည့်စရာမလိုဘဲ တွေးကြည့်တာနှင့်တင် အတတ်သိနေလေသည်။

မိမိတို့နှင့် အဆင့်အတန်းချင်း များပြားစွာ ကွာခြားသော်လည်း မိမိရဲ့ သမီးလေးကိုမှ တမ်းတမ်းစွဲဖြစ်နေသော ထိုကောင်လေးကို ဒေါ်အမရာတစ်ယောက် ကျေးဇူးတွေအခါခါတင်နေမိလေသည်။

အခုဆိုရင် မိမိမွေးထားသော သားသမီးသုံးယောက်ထဲမှ သမီးကြီးအတွက် ရတတ်အေးသွားခဲ့ရသော်လည်း ကျန်နှစ်ယောက်ကိုတော့ သူမစိတ်ပူနေရသေးသည်၊ မငယ်ကတော့ သူကိုယ်သူ ပြန်ထိန်းသိမ်းနိုင်သည်မို့ သိပ်စိတ်မပူရတော့ပေ။

သူမအဓိကစိတ်ပူ​နေရသည်ကတော့ အဆိုးဆိုသော
အိမ်က ငမွှေလေးပင်၊ ဟုတ်ပါသည်လေ ငယ်ငယ်ထဲက အထွေးဆုံးလေးမို့ အားလုံးက ဝိုင်းအလိုလိုက်ထားသည်ကို အခွင့်ကောင်းယူပြီး လိုတာထက်ကို ပိုဆိုးနေသော ဒီ​သောက်က​လေးလေးအား မတော်တရော်တွေနှင့် တွေ့သွားမည်ကို စိုးရိမ်နေရလေသည်၊ သိပ်ကိုဖြူစင်လွန်းလှသည့် သားလေးသာ မတော်တရော်တွေနှင့် တွေ့သွားခဲ့ရင်တော့
ရှေ့ဆက်ဖြစ်လာမဲ့ အကျိုးဆက်ကို ဒီကလေး ခံစားနိုင်မည်မဟုတ်ပေ။

"မေမေ...မေမေ"

"ဟေ..."

"အိမ်ရှေ့က ဧည့်သည်တွေကို အထဲထဲကို မခေါ်တော့ဘူးလား"

"အော်...အေးအေး...မေမေ အတွေးလွန်သွားလို့သမီးရေ"

"မေမေတို့ကတော့လေ ဖြစ်ကမယ် "

သမီးကြီး၏ စကားသံများကို ကြားမှသာ
ဒေါ်အမရာတစ်ယောက် ဟိုတစ်စဒီတစ်စ အတွေးများကို ခေတ္တခဏ မေ့ထားရင်း အိမ်ရှေ့တွင် အသင့်ရပ်နေကြသော ထိုလူများဆီသို့သာ အပြေးလေးသွားလိုက်လေသည်။


"​အော် ရောက်လာကြပြီလား အားနာစရာ တွေတော့ဖြစ်ကုန်ပါပြီအမရယ် မရောက်ခင်တည်းက ကျမတို့ကို ကြိုပြီးတော့ phဆက်လိုက်ရင်ရတဲ့ဟာကို"

"မဟုတ်တာ ညီမရယ် အမတို့ကသာ ညီမတို့ကိုပြန်အားနာနေရမှာပါ..."

❣❣အို...ဦးနော်❣❣حيث تعيش القصص. اكتشف الآن