part-37

3.4K 168 15
                                    


Unicode

"မောင်"

တိုးညှင်းစွာ ထွက်ပေါ်လာသောသူမအသံက မင်္ဂလာ အခါပေးရန်အတွက် တိတ်ဆိတ်နေရှာသော လူထုကြားကို ထိုးဖောက်၍ ကျတော့နားထဲသို့တန်းမတ်စွာဝင်လာခဲ့သည်။

ရင်ခုန်သံတို့ကြောင့် တဒိတ်ဒိတ်ခုန်နေသော နှလုံးသားလေးအား စည်းချက်ကျစွာ အသာထိန်ရင်း ကျတော့နောက်တွင်ရှိနေသော သူမအား ကျတော်လှည့်မကြည့်သေးဘဲ မိမိ ဘေးနားတွင်ရှိ​နေ​သောဦးမျက်နှာကိုသာ ကျတော်  တချက်ကြည်ံ့လိုက်တော့....

သူ့မျက်နှာက ထိုအသံကြောင့် ပြုံးတော့မလို  အရောင်လက်နေလေရဲ့....

မ​ရေရာသည့် အမြင်တချို့​ကြောင့် သေချာအောင် သူကြည့်လိုက်တော့ သူသိလိုက်သည်က ဦးပြုံးနေလေပြီ။

ထိုအပြုံး.... အဟက် ထိုအပြုံးက သိပ်ကို အသက်ပါတဲ့အပြုံးတစ်ခု....

ဦးကတော့ ကျတော်ကြည့်နေတာကို အမှတ်မထားဘဲ အနောက်သို့ဆတ်ခနဲလှည့်၍သူမကိုကြည့်ရင်း ပြုံးမြဲသာ ပြုံးဆဲပင်။

ရင်နာအောင်တမင်လုပ်နေတာလား ဦးငယ် ၊ ကျတော်မလွမ်းချင်သေးဘူးကွယ်...

ထိုအခိုက်....

ဦးငယ်ဆီမှ သူကြားလိုက်သည်က

"တအောင့်နော် သည်းငယ် ကိုသွားစရာလေးရှိလို့"တဲ့

သူ့အဖြေစကားကိုပင် မစောင့်တော့ဘဲ ထိုအသံလားရာဆီသို့ မပြေးရုံတမယ် အလောတကြီးသွားနေသော ဦးခြေလှမ်းတို့ကတော့ ခါတိုင်းထက်ပင် အသက်ဝင်နိုးထနေရဲ့...

ဦးသွားရာ လမ်းတစ်လျောက်အား မင်္ဂလာ ခန်းမအလယ်၌ တစ်ယောက်တည်းသာ ကျန်ခဲ့ရသော ကျတော် ငေးမောကာ လိုက်ကြည့်မိလိုက်တော့ ကျတော်တွေ့လိုက်သည်က
မိုးပြာရောင်ဝတ်စုံလေးနှင့်ခပ်လှလှမိန်းမတစ်ဦး။

လေလာရာ လမ်းတစ်လျောက် တ​ဖြူးဖြူးနှင့်သာလွင့်မျောနေသော သူမ ဆံနွယ်အိအိတို့က ကျွန်တော် ခန်းမှန်းချေအရ ခါးလောက်ပင်ရှိလောက်ပေမည်။

တခါတခါ ရယ်လိုက်တိုင်း ခပ်ရေးရေးထွက်ပေါ်လာသော ပါးချိုင့်နှစ်ဖက်ကလည်း ဝိုင်းစက်ကာ ပယင်းရောင်ထနေသော သူမ မျက်လုံးလှလှတို့အား အလှဆင်ထားသည့်နှယ်
ဖြူလွလွသူ့အသား အရည်လေးထက်၌ စွဲမက်ဖွယ် ထင်ကျန်လို့နေလေသည်။

❣❣အို...ဦးနော်❣❣Where stories live. Discover now