part-11

8.3K 370 7
                                    

Unicode

"နှောင်...ဒူ...နှောင်....ဒူ....နှောင်...ဒူ"

မနက်ခင်းတိုင်းလိုလို ကြားနေရသော နိဗ္ဗာန်စော်
ကိုလှကြီး၏ နှောင်းဒူ​နှောင်းဒူမြည်နေသော
ကြေးစည်သံလေးက ထုံးစံအတိုင်း ကုက္ကိုတန်းရွာ
​နေရာအနှံ့အပြားဆီသို့ သာယာစွာ ထွက်ပေါ်လို့လာခဲ့လေသည်။

"ဘွန္တော....သပုရိသဓမ္မနွယ်ဝင် အိုသူတော်ကောင်းအပေါင်းတို့ရေ ....
လင်းကြက်တွေ နိုးကြသည်မို့ ဆွမ်းချက်ရန် ထတော် မူကြပါဗျို့...ဒူ...ဒူ"

တောဓလေ့၏ မနက်ခင်းတွင်သာ ကြားရလေ့ရှိသော ကြည်နူးဖွယ် အသံတစ်ခုဖြစ်သည့် နိဗ္ဗာန်စော် ကိုလှကြီး၏
ဘွန္တောဆိုသော ကြေးစည်သံများနောက်တွင်တော့ ေဒါ်အမရာ အပါအဝင် ကုက္ကိုတန်းတစ်ရွာလုံး ဆွမ်းချက်ရန်ထကြရတော့လေသည်။

တစ်အိမ်နှင့်တစ်အိမ် မီးအိမ်မှိန်မှိန်လေးများဖြင့်သာ မြင်နေရသည့် အချိန်လေးအတွင်းမှာတော့ တောသဘာဝဓလေ့အတိုင်း ဆွမ်းချက်သူကချက်  ဟင်းကိုင်သူက ကိုင်
ဘုရားရှိခိုးသူက ရှိခိုးနှင့် ကောင်းမှုအစုစုကို ကြိုးစားပြုလို့​​နေ​ကြ​လေသည်။

အဲ့လိုအချိန်မျိုးများတွင်တော့ တစ်ရွာလုံး၏ အသဲ​ကျော်ပဲလှော်လေးက
နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်မဟုတ်ပါလား၊ ဒါကြောင့်မို့လည်း ဒေါ်အမရာတစ်ယောက် အဆိုးလေးအားနှိုးရန်အိမ်အပေါ်ထပ်ဆီသို့တက်ရတော့မည်ပေ။

"သမီးငယ်ရေ"

"ရှင်မေမေ"

"အဲ့ဒီ ထမင်းအိုးလေးငှဲ့ပြီးရင် ငါးရံ့ခြောက်လေးကို မီးကျီးလေးနဲ့ ဖုတ်ပလိုက်အုံးနော် မနက် ဧည့်သည်တွေ စားရအောင်လို့ပါ..."

"ဟုတ်မေမေ ငယ် ဖုတ်လိုက်ပါ့မယ်...​ေအာ်ဒါနက်မေမေ ဘုန်းဘုန်းအတွက်ရော မချက်တော့ဘူးလား"

"ဟုတ်ပ​တော် ကြည့်စမ်း မေ့နေတာ သမီးရေ  ညည်းပြောမှပဲ ဆွမ်းဟင်း မချက်ရသေးဘူးဆိုတာ သတိရတော့တယ်  ကဲကဲ အချိန်လည်းလင်း​​​နေပြီဆို့တော့ဆိုတော့ကာ မနေ့က အရီးမြတို့အိမ်က အဆိုးကို ပေးလိုက်တဲ့ ပဲဖြူလေးကို အဖြူထည်လေးပဲ ပြုတ်ပြီးတော့
အိမ်နောက်​ဖေးက ဟင်းနုနယ်ရွက်လေးပဲခူး​ပြီးကြော်လိုက်တော့ကွယ် "

❣❣အို...ဦးနော်❣❣حيث تعيش القصص. اكتشف الآن