Unicode
"အခန်းno. 18က လူနာရှင်များရှင် ဆရာဝန်ကြီးက ဆင်းချင်ရင် ဆင်းလို့ရပါပြီတဲ့"
"ဟုတ်ကဲ့ဗျ..ဟုတ်ကဲ့"
"ဆေးဖိုးတွေတော့ counterမှာတချက်သွားရှင်းပေးလိုက်နော်"
"ဟုတ်ကဲ့ပါ ကျမသွားရှင်းလိုက်ပါ့မယ်ရှင်"
အခန်းအဝမှနေ၍ လှမ်းအော်ပြောလိုက်သော nurseမလေးကြောင့် အခန်းထဲ၌ရှုပ်ယှက်ခတ်သွားသည်ကတော့မေမေနှင့် ဦးငယ်ပင်။
သိမ်းစရာရှိသည်များကိုသိမ်း၊ လှည်းစရာရှိများကိုလှည်းနဲ့ အခန်းတစ်ခုလုံးအားသန့်ရှင်းပြီးသည့်နောက်မှာတော့ အိမ်ပြန်ရန်အတွက် သူတို့အားလုံးပြင်ဆင်ရလေတော့သည်။
"ကဲ သားငယ်နဲ့ သားရေ"
"ခင်ဗျာ... မေမေ"
"မေမေ counterမှာ ဆေးဖိုးသွားရှင်းလိုက်အုံးမယ်နော်"
."ဟုတ်ကဲ့"
"အထုပ်တွေကိုတော့ သားစေတန်ကပဲ ကားထဲကို အရင်ပို့ထားလိုက် ပြီးမှ အဆိုးလေးကို မေမေခေါ်ခဲ့မယ် သိလား "
"ဟုတ်ကဲ့ ဟုတ်ကဲ့ "
"အေးအေး အဲ့ဒါဆိုရင်လည်း မေမေသွားပြီနော်"
မေမေထွက်သွားပြီးသိပ်မကြာမီမှာပင်
လက်ထဲတွင် အထုပ်ပေါင်းသောင်း ခြောက်ထောင် ဖြင့် မနိုင်မနင်းဖြစ်နေသော ဦးငယ်က သူ့အားကျောပေါ်သို့ တက်ခိုင်းနေသည်။"ဟာ...ဦးငယ် မေမေကသူလာမှ သွားလို့ပြောထားတယ်လေ"
"ကျွတ် သည်းငယ်ရာ တက်မှာဖြင့် တက်စမ်းပါကွာ ဘာလဲ သည်းငယ်က ကိုယ့်ကျောပေါ်မတက်ချင်လို့လား"
စကားပြောလိုက်တိုင်း အနှောင့်အသွားမလွတ်တတ်သော ဦးငယ်က ဒီတစ်ခါတွင်လည်း သူ့အား အကြပ်ရိုက်လိုက်ပြန်လေသည်။
"မတက်ချင်လို့တော့ မဟုတ်ဘူးလေ ဦးငယ်ရာ... ဒါပေမဲ့"
"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့၊ တော်ကြာ မေမေပြန်လာမှဖြင့် သည်းငယ်ကို ကိုမချီရပဲ နေအုံးမယ် လာလာတက်တော့"
"ပြီးရောဗျာ ပြီးရော မေမေပြောရင်တော့ ဦးပဲ အပြောခံရမှာနော်"

ВЫ ЧИТАЕТЕ
❣❣အို...ဦးနော်❣❣
Ужасыမင်းဆိုးချင်သလောက် ဆိုးစမ်းပါ သဲငယ်လေးရယ် တစ်ခုပဲ ဦးဆိုတဲ့ငါ့ကိုမေ့မသွားရင်ရပြီ 💗💗မုဏ်းစေတန်💗💗 ကမ္ဘာတွေ အဆက်ဆက်ပြောင်းသွားမယ်ဆိုရင်တောင် သားရဲ့ အချစ်တွေဟာ ဦးနောက်ကို အမြဲတစေလိုက်နေမှာပါ ဦးရယ် 💗💗ကမ္ဘာလွှမ်း💗💗