part-22

5.6K 252 0
                                    

Unicode

သူကိုယ်တိုင်တောင် လမ်းကောင်းကောင်းမလျောက်​သေးနိုင်သော ဂဏန်းအရည်ပျော့လေးကို ကိုင်ရင်း  မြောက်လိုက်ပြန်ချလိုက်လုပ်ကာ ရေထဲအိုင်၌
ကစားနေရှာသော ဦးကတော့ တကယ့်ကိုကလေးပေါက်စလေး​ဖြစ်လို့နေလေ​တော့သည်။

အဟက်....လူကြီးရယ် ခင်ဗျားလေးကလေ သိပ်ကိုချစ်စရာကောင်းလွန်းတယ်ကွယ်....

မိမိတို့မေးတိုင်း ဘာမှမဘာဘူးဟုသာ အတင်းညင်းနေရှာသော အဆိုးကတော့ သူ့လူကြီးကိုကြည့်လိုက် ရီလိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်လို့နေရှာလေသည်။

ဒါကြောင့်မို့လည်း အဆိုးဆိုသော ထိုငနာလေးအား မိဘုတ်တစ်ယောက် လှမ်းစလိုက်လေသည်။

"ဟဲ့ အဆိုးရေ သိပ်လည်းငမ်းမနေနဲ့အုံး မျက်လုံးကြီးလည်း ကျွတ်ထွက်သွားအုံးမယ်"

"အို...နင်ကလည်း...."

မိမိစကားကြောင့် အိုးမလုံအုံပွင့်သွားသော အဆိုးရဲ့မျက်နှာလေး ကတော့ ခါတိုင်းကလိုမဟုတ်ပါဘဲနှင့် မျော်ဖျင်နီကြီး ငရုတ်ကြီး စားမိသလို ခပ်ရဲရဲကြီးဖြစ်သွားလေသည်။

ဟင့်....ငနာလေး ဒါမျိုးတော့ ရှက်တတ်သားပဲ....ဟွန့်

"ကဲပါ အဲ့လောက်ထိလည်း ရှက်မနေပါနဲ့တော် ကျုပ်တို့က ကျုပ်တို့မြင်တာကိုပြောလိုက်တာပါတော့"

"ဟာ....နင်တို့ကလည်း...ငါက သူအဆင်ပြေပါ့မလားလို့ တချက်လောက် လှမ်းကြည့်တာပါ ဟွန့်... နင်တို့ပြောသလောက်လည်း မဆိုးသေးပါဘူးနော်....ဟွန့်.... "

"အော်...တစ်ချက်ဟုတ်လား သူငယ်ချင်းလေးရယ် ဗက်ဟက်ဟက်.... "

"နင်....နင်တို့နော်....တော်ပြီဟာ ငါဟိုဘက်သွားတော့မယ် တော်ကြာနင်တို့နားငါဆက်နေရင် ငါပဲထပ်အစခံနေရအုံးမှာ တကယ်ပဲ မိကျောင်းမသမီးတွေများလားအောက်မေ့ရတယ် တအားကိုလျှာရှည်လွန်းတယ်....ဟွန့်"

မိမိအရှေ့မှ ဖင်လေးလှုပ်ကာ  တဖက်ကန်သင်းသို့ပြောင်းသွားသော ထိုငနာလေးကိုကြည့်ရင်း မိဘုတ်တစ်ယောက် အသည်းတွေယားနေရလေသည်။

"အမယ် အမယ် ကြည့်စမ်းပါအုံး ဒင်းလေးက  ကျုပ်တို့ကို အထွက်ခတ်ခတ်ပြီးတော့ ပြန်ပြောသွားတယ်ကြည့်စမ်း ရုပ်ကိုကလိုက်ပွတ်ချင်စရာလေး"

❣❣အို...ဦးနော်❣❣حيث تعيش القصص. اكتشف الآن